Home Tech အသက်ရှူတာကို စမ်းသပ်ပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်မယ့် ကိရိယာသစ်တွေ ဈေးကွက်သို့စတင်

အသက်ရှူတာကို စမ်းသပ်ပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်မယ့် ကိရိယာသစ်တွေ ဈေးကွက်သို့စတင်

0
အသက်ရှူတာကို စမ်းသပ်ပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်မယ့် ကိရိယာသစ်တွေ ဈေးကွက်သို့စတင်

၂၀၁၉ခုနှစ် CES နည်းပညာပြပွဲကို အမေရိကန် လော့စ်အင်ဂျလိစ်မှာ ဒီလ ၈ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပ ခဲ့ရာမှာ လူတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဈေးကွက်ပေါ်ကို ရောက်ရှိလာမယ့် Lumen နဲ့ FoodMarble ကိရိယာ နှစ်ခုက အတော့်ကို ထူးဆန်းတယ်လို့ ဆိုရမှာပါ။
CES ဆိုတာ ကမ္ဘာပေါ်က နည်းပညာဆိုင်ရာထုတ်ကုန်သစ်တွေကို စားသုံးသူတွေ ဝယ်ယူ စားသုံးနိုင်ဖို့ ခင်းကျင်းပြ သ တဲ့ကမ္ဘာ့အကြီးဆုံးနည်းပညာပြပွဲတစ်ခုဖြစ်ပါတယ်။CESကိုစားသုံးသူနည်းပညာအဖွဲ့ (Consumer Technology Association) က ဦးစီးကျင်းပတာဖြစ်ပြီး တစ်ကမ္ဘာလုံးက စွန့်ဦးထွင်တွေနဲ့ စီးပွားရေး ခေါင်းဆောင်တွေကို ဆွဲ ဆောင်နိုင်တဲ့ အဖွဲ့ အစည်းလည်း ဖြစ်ပါတယ်။ ဒီပြပွဲမှာ နိုင်ငံပေါင်း ၁၅၀ မှ ကုမ္ပဏီပေါင်း ၄၅၀၀ ကျော်ပါဝင်ပြသပြီး ပြပွဲအတွင်း ဆွေးနွေးပွဲပေါင်း ၂၅၀ ကျော်ပြုလုပ်ပေးကာ တက်ရောက်သူပေါင်း ၁၈၀၀၀၀ ကျော်ရှိပါတယ်။
ဒီပြပွဲပြသခဲ့တဲ့ လူတွေရဲ့ ကျန်းမာရေးအတွက် စိတ်ဝင်စားစရာ ထုတ်ကုန်သစ်၂ခု စလုံးဟာ အိတ်ဆောင်အရွယ်တွေဖြစ်ပြီး အတွင်းဖက်ကို လေမှုတ်သွင်းပြီး စမ်းသပ်ရပါတယ်။ နှစ်ခုစလုံးက မိုဘိုင်းအပလီကေးရှင်းနဲ့ တွဲဖက်အသုံးပြု နိုင်တယ် လို့ သိရပါတယ်။ဒီမိုဘိုင်းအပလီကေးရှင်းက စမ်းသပ်သူရဲ့ အစားအသောက်နဲ့ အစာချေဖျက်ပုံ၊ ကယ်လိုရီ လောင် ကျွမ်းပုံတွေကို ပြသပေးမှာဖြစ်ပါတယ်။ Lumen ကို ရှူဆေးဗူးလေးအရွယ်လုပ်ထားပြီး စမ်းသပ်သူရဲ့ မှုတ်သွင်း လိုက်တဲ့ လေထဲမှာပါဝင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အဆင့်ကို သိနိုင်မှာဖြစ်ပါတယ်။လာမယ့်နွေရာသီကစပြီး တစ်ခုကို ၂၉၉ ဒေါ်လာနဲ့ စတင်ရောင်းချမှာဖြစ်ပြီး ကြိုမှာရင်တော့ ၂၅၀ ကျမယ်လို့ သိရပါတယ်။
FoodMarble ကတော့ သူနဲ့ ပြောင်းပြန်အလုပ်လုပ်တဲ့ ကိရိယာလေးဖြစ်ပြီး စားသုံးသူရဲ့ ဟိုက်ဒရိုဂျင် အဆင့်ကို တိုင်း တာပေးမှာ ဖြစ်ပါတယ်။ အသက်ရှုတဲ့ လေထဲမှာပါဝင်တဲ့ ဟိုက်ဒရိုဂျင်က သူစားသုံးလိုက်တဲ့ အစာကို ချေဖျက်မှုနဲ့ ဆက်စပ်နေပြီး ဒီကိရိယာလေးကပြတဲ့ ဟိုက်ဒရိုဂျင့် အဆင့်အလိုက် မိမိရဲ့ အစားအသောက်နဲ့ ကျန်းမာရေးကို ထိမ်းသိမ်း ပြုပြင်လို့ ရတယ်လို့ ထုတ်လုပ်သူက ပြောပါတယ်။သူ့ကိုတော့ ဒီဇင်ဘာလကတည်းက ဈေးကွက်တင် ခဲ့ပြီးဖြစ် ပါတယ်။
ဒီကိရိယာလေးကို တစ်ချို့ ဆရာဝန်တွေနဲ့ အာဟာရပညာရှင်တွေက တစ်ခါတစ်ရံသုံးတတ်ကြပေမယ့် ဘယ်လောက်ထိ တိကျမှန်ကန်ပြီး စိတ်ချရတယ်ဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ကျွမ်းကျင်သူတစ်ချို့က ဆိုပါတယ်။ ဘာ ကြောင့်လဲဆိုတော့ အသက်ရှုတဲ့လေဟာ အစာချေဖျက်ချိန်ကို လိုက်ပြီး တစ်ချိန်နဲ့တစ်ချိန်ထပ်တူ မဖြစ်နိုင်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ကဲ၊ပညာရှင်တွေရဲ့ တီထွင်နိုင်မှု အစွမ်းကတော့ အံမခန်းစရာပါ။ ဒီကိရိယာလေးကြောင့် သင်ဘာစားခဲ့တယ်။ ဘယ်လို အစာချေဖျက်တယ်။ကယ်လိုရီဘယ်လောက်ရတယ် စတဲ့ အခြေအနေတွေကို သိလာနိုင်ပါလိမ့်မယ်။ ဒီကတစ်ဆင့် သင်နဲ့ မတည့်တဲ့၊သင့်ကျန်းမာရေးကို အထောက်အကူမပြုတဲ့ အစားအသောက်တွေကို ရွေးထုတ်ပြီး ကျန်းမာ အောင်စား သောက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

Ref:BBC/CES

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: