Home Lifestyle Health အသက်ရှည်အောင် ဘယ်လိုနေထိုင်ကြမလဲ

အသက်ရှည်အောင် ဘယ်လိုနေထိုင်ကြမလဲ

0
အသက်ရှည်အောင် ဘယ်လိုနေထိုင်ကြမလဲ

အသက်ရှည်ကျန်းမာခြင်းဟာ လူသားအားလုံး မျှော်လင့်တောင့်တတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓရဲ့တရား သဘော အရ ဆိုရင်တော့ ကံ၊စိတ်၊ဥတု၊အာဟာရ ဆိုတဲ့ အကြောင်းတရား၄ပါးက လူတွေရဲ့ သက်ရှည်ကျန်းမာခြင်းကို အဆုံး အဖြတ်ပေးတယ်လို့ ဆိုပါတယ်။ဒီနေရာမှာ ကံဆိုတာ အတိတ်ရော၊ပစ္စုပ္ပန်ပါ သက်ဆိုင်နေတဲ့အတွက် အထူးမရှင်း လိုတော့ပါဘူး။
မြန်မာနိုင်ငံလို နိုင်ငံရေးစနစ်မျိုးစုံကို ဖြတ်သန်းခဲ့ကြရပြီး အခုအချိန်ထိ ဆင်းရဲတွင်းထဲက မထွက်နိုင်သေးတဲ့ ပြည်သူတွေ အများစုကတော့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသလို ငွေကြေးအခြေ အနေအရ အာဟာရပြည့်ဝဖို့လည်း မလွယ်လှပါဘူး။ ဒါ့ကြောင့် ၂၀၁၆ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်လိုက်တဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသားတွေရဲ့ ပျှမ်းမျှသက်တမ်းဟာ ၅၆.၉နှစ်ပဲရှိပြီး အမျိုးသမီးတွေရဲ့ ပျှမ်းမျှသက်တမ်းက ၅၉.၉ နှစ်ပဲရှိတာကို ဝမ်းနည်း ဖွယ်ရာ တွေ့ရပါတယ်။
CNN သတင်းဋ္ဌာနကတော့ လူတွေအသက်ရှည်မယ့် နည်းလမ်းတွေကို ဖေါ်ပြဖို့ အတွက် မေးခွန်း ၉ ခုကို မေးမြန်း ခဲ့ပါတယ်။ဒီမေးခွန်းတွေကို မမေးခင် နိုင်ငံတွေရဲ့ ပျှမ်းမျှသက်တမ်းတွေကိုလည်း ဖေါ်ပြထားပါတယ်။ ဒီ မေးခွန်းတွေကို မေးရခြင်းက လူတွေရဲ့ အလေ့အထတွေဟာ အသက်ရှင်နေထိုင်နိုင်မှုနဲ့ ဆက်စပ်နေတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် CNN က မေးတဲ့ မေးခွန်းတွေက ဘာတွေလဲ။
မေးခွန်း(၁)။သင်ဆေးလိပ်သောက်တတ်ပါသလား။
ကျန်းမာရေးပြသနာတစ်ခုခုကြောင့် ဆေးရုံ။ဆေးခန်းသွားရပြီဆိုင် ပထမဆုံး အမေးခံရတာက ဒီမေးခွန်းပဲ ဖြစ်ပါ တယ်။ ဒီမေးခွန်းအတွက် အဖြေ ၄ မျိုးရှိပါတယ်။ နံပါတ်တစ် အဖြေက လုံး၀ မသောက်တတ်ပါ။ နံပါတ်နှစ်ကေ တော့ သောက် တတ်တယ်။နံပါတ်သုံးကတော့ တစ်နေ့တစ်ကြိမ်မကသောက်တယ်။ နံပါတ်လေး အဖြေကတော့ တစ်နေ့တစ် ကြိမ်ထက် မက သောက်တယ်ဆိုတဲ့ အဖြေတွေဖြစ်ပါတယ်။ သင့် အဖြေက သင့်ရဲ့ကျန်းမာရေးကို ဖေါ်ပြပါတယ်။
မေးခွန်း(၂)။သင်အရက်သောက်တတ်ပါသလား။
ဆေးလိပ်ပြီးရင်တော့ အရက်ဟာ ကျန်းမာရေးအတွက် နံပါတ်နှစ်ပြသနာ ဖြစ်ပါတယ်။ဒီမေးခွန်းအတွက်တော့ အဖြေ ၃ ခု ရှိပါတယ်။ နံပါတ်တစ်အဖြေက မသောက်တတ်ပါ။ နံပါတ်နှစ်အဖြေကတော့ တစ်ပတ်မှာ ၆ရက်ထက် နည်းပါတယ်။ နံပါတ်သုံး အဖြေကတော့ တစ်ပတ်မှာ ၆ ရက်ထက်မက ပိုသောက်တယ် ဆိုတဲ့ အဖြေတွေပဲ ဖြစ်ပါတယ်။
မေးခွန်း(၃)။သင်လေ့ကျင့်ခန်းဘယ်နှစ်ကြိမ်လုပ်သလဲ။
သက်ရှည်ကျန်းမာရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းဟာ အရေးပါတဲ့ အတွက် ဒီမေးခွန်းကို မေးခြင်းဖြစ်ပါ တယ်။ ဒီမေးခွန်းအတွက် အဖြေတွေက လုံးဝမလုပ်ပါ။တစ်ပတ်ကို မိနစ် ၃၀အောက်ပဲလုပ်တယ်။တစ်ပတ်ကို ၂နာရီခွဲအောက် လုပ်တယ်။တစ်ပတ်ကို ၂နာရီခွဲကနေ ၁၂နာရီခွဲကြာအောင်အထိလုပ်တယ်။တစ်ပတ်ကို ၁၂ နာရီ ခွဲထက်ပိုတယ် ဆိုတဲ့ အဖြေတွေဖြစ်ပါတယ်။ သင်လုပ်တဲ့ လေ့ကျင့်ခန်းပမာဏနဲ့ သင့်ကျန်းမာရေး တိုက်ရိုက် အ ချိုး ကျပါတယ်။
မေးခွန်း(၄)။သင်ဘယ်မှာနေသလဲ။
သင်နေထိုင်ရာနေရာဒေသဟာလည်း သင့်ကျန်းမာသက်ရှည်ရေးအတွက် အရေးပါတာကြောင့် ဒီမေးခွန်းကို မေးခြင်းဖြစ် ပါတယ်။ သင်က မြို့ထဲမှာနေထိုင်တယ်ဆိုရင် သင့်အနီးအနားမှာ ပန်းခြံရှိသလား။မရှိဘူလား။ မြို့ပြင် မှာနေသလား။ ဒါမှမဟုတ် ကျေးလက်မှာ နေသလား။ ဒါတွေက သင်ဖြေဆိုရမယ့် မေးခွန်းတွေပါ။
မေးခွန်း(၅)။သင့်မိသားစု၊မိတ်ဆွေ၊လူမှုအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံရတာနဲ့ ပတ်သက်ပြီး သင့်စိတ်ထဲ ဘယ် လိုနေလဲ။
သင်ကလုံးဝအဆက်အဆံမရှိဘူလား။မဆိုစလောက်လေးပဲလား။များများစာစားနီးစပ်ဆက်ဆံသလား။အလွန်အမင်း ပဲလား။သင့်မိသားစု၊ဘဝပတ်ဝန်းကျင်ကလည်း သင်အသက်ရှင်ပျော်ရွှင်ရေးအတွက် အရေးပါပါတယ်။
မေးခွန်း(၆)။သင်ရဲ့သွားလာလှုပ်ရှားမှုကဘယ်လိုပုံစံလဲ။
လမ်းလျှောက်သွားတတ်သလား။စက်ဘီးစီးပြီးလျှောက်သွားတတ်သလား။ အများပြည်သူတွေစီးတဲ့ ဘတ်စ်ကားကို စီး သလား။ ဒါမှမဟုတ် ကိုယ်တိုင်ပဲ ကားမောင်းသွားတတ်သလား။ဒီမေးခွန်းတွေရဲ့ အဖြေက သင့်ကျန်းမာ ရေးအတွက် အရေးပါပါတယ်။
မေးခွန်း(၇)။ အသီးအနှံတွေ၊ဟင်းသီးဟင်းရွက်တွေနဲ့ အစေ့အဆံတွေကို မကြာခဏစားတတ်သလား။
နေ့စဉ်စားတတ်ပါသလား။ တစ်ပတ်မှာ တစ်ခါတစ်ရံပဲ စားတတ်သလား။ဒါမှမဟုတ် ဒါတွေကို စားခဲသလား။ သင်စား သောက်တဲ့ အစားအသောက်အာဟာရက သင့် ကျန်းမာရေးအတွက် အရေးပါတဲ့ အချက်ပဲ ဖြစ်ပါတယ်။
မေးခွန်း(၈)။သင်အသားစားသလား။
အသားစားခြင်းကလည်း အာဟာရထဲမှာ အကျူံးဝင်တဲ့ အတွက် အသက်ရှည်ရာ အနာမဲ့ကြောင်း အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ သင်လုံးဝမစားတာလား။ပင်လယ်စာတွေလောက်ပဲစားသလား။ တစ်ခါတစ်ရံမှာ စားလေ့ရှိ သလား။ မကြာ ခဏစားတတ်သလား။နေ့တိုင်းလိုလိုစားတတ်သလား။သင့်အဖြေက သင့်ကျန်းမာရေး အခြေအနေနဲ့ တိုက်ရိုက် ဆက်စပ် နေပါလိမ့်မယ်။
မေးခွန်း(၉)။ သင့်ရဲ့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်အချိုးကို တိုင်းတာတဲ့ BMI ဘယ်လောက်ရှိသလဲ။ သာမန်အားဖြင့်ဆိုရင်တော့ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ BMI ဟာ ၁၈.၅ နဲ့ ၂၄.၉ ကြားမှာရှိတယ်လို့ ဆိုပေမယ့် အသက်အရွယ်ကလည်း အကြောင်းအချက်တစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးပြသနာဟာ အ၀၀န်လွန်ခြင်း၊ ကိုယ် အလေး ချိန်ကျဆင်းခြင်းတွေနဲ့ ဆက်စပ်နေတာကြောင့် ဒီမေးခွန်းကလည်း အသက်ရှည်ရာ အနာမဲ့ကြောင်း အတွက် အရေးပါတဲ့ မေးခွန်းပဲဖြစ်ပါတယ်။
ကဲ၊ဆန်းသစ်မြန်မာကို အားပေးကြတဲ့ စာဖတ်ပရိတ်သတ်တွေ ကျန်းမာကျန်းမာသက်ရှည်နေထိုင်နိူင်ဖို့ အတွက် CNN မှာ မေးခွန်းတွေကို ရှာဖွေဖြေဆိုနိုင်ကြသလို အထက်ဖေါ်ပြပါမေးခွန်းတွေကနေ ကျန်းမာရေးအတွက် သုတတွေတိုးပွား လာစေဖို့ မျှဝေတင်ပြပေးလိုက်ပါတယ်။
Ref:CNN

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: