Home News ဗီယက်နမ်အာကာသ သိပ္ပံပညာရှင်တွေ အစွမ်းပြပြီ

ဗီယက်နမ်အာကာသ သိပ္ပံပညာရှင်တွေ အစွမ်းပြပြီ

0
ဗီယက်နမ်အာကာသ သိပ္ပံပညာရှင်တွေ အစွမ်းပြပြီ

မနေ့က သောကြာနေ့ January လ ၁၈ ရက်နေ့ နံနက်မှာပဲ ဂျပန်အာကာသသိပ္ပံပညာရှင်တွေရဲ့ အကူအညီနဲ့ ဗီ ယက် နမ် အာကာသစင်တာမှ အင်ဂျင်နီယာ ၃၆တို့ ပူးပေါင်းတည်ဆောက်လိုက်တဲ့ မိုင်ခရိုဒရာဂန် အမည်ရှိ အကာ သ ဂြိုလ်တုတစ်ခုကို ဂျပန်နိုင်ငံ Kagoshi prefecture မှာရှိတဲ့ Uchinoura အာကာစခန်းကနေ ကမ္ဘာပတ်လမ်း ကြောင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ ဗီယက်နမ်သတင်းအရ သိရပါတယ်။ဒီဗီယက်နမ်အင်ဂျင်နီယာ ၃၆ ဦး ဟာ ဂျပန်နိုင်ငံရှိ ထိပ်တန်း အာကာသနည်းပညာတက္ကသိုလ်ကြီး ၅ ခုမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ လေ့ကျင့် သင်ကြားပေးထားသူတွေဖြစ်ကြပါတယ်။

ဗီယက်နမ်သိပ္ပံနဲ့ နည်းပညာအကယ်ဒမီအောက်မှာရှိတဲ့ ဗီယက်နမ် အမျိုးသားအာကာသဗဟိုဋ္ဌာန လက်ထောက် ညွှန်မှူးဖြစ်သူ Dr Vũ Anh Tuân ကတော့ ဂြိုလ်တုဆီကနေ ကနဦးအချက်ပြတွေ ဒီတစ်ရက်နှစ်ရက်အတွင်း လက်ခံ ရရှိမှာဖြစ်ပြီး နောက်တစ်လကနေ သုံးလအတွင်းမှာ ဂြိုလ်တုဟာ လုပ်ငန်းဆောင်တာတွေကို တည်တည်ငြိမ်ငြိမ် လုပ် ဆောင်မယ်လို့ ဆိုပါတယ်။ဒေါက်တာ Tuan ဟာ ဂြိုလ်တုလွှတ်တင်ဖို့အတွက် ဂျပန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
မိုက်ခရိုဒရာဂန်ဟာ ဗီယက်နမ်ရဲ့ ဂြိုလ်တုထုတ်လုပ်မှုနဲ့ ဒီဇိုင်းမှာ ဆရာတစ်ဆူဖြစ်လာဖို့ နောက်တစ်ဆင့်ဖြစ်တဲ့ အကြောင်းနဲ့ ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်းက ရည်ရွယ်ချက်အမျိုးမျိုးအတွက် ဝန်ဆောင်မှုပေးနိုင်တဲ့ ကိုယ်ပိုင်ဂြိုလ်တု ပိုင် ဆိုင် နိုင်အောင် အထောက်အကူပြုတဲ့ အကြောင်း၊ ဒီဂြိုလ်တုဟာ ကမ္ဘာမြေ လေ့လာရေးသာမက သဘာဝအန္တရာယ် တွေ၊ဘေးဒုက္ခတွေနဲ့ ကမ္ဘာကြီးပူနွေးလာမှုတွေကို စူးစမ်းလေ့လာပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ဂြိုလ်တုကို ၂၀၁၃ မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ မှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဂြိုလ်တုအရွယ်အစားဟာ 50cmx 50 cmx50cm ရှိပြီး အလေးချိန် 50 ကီလိုဂရမ်လေးပါတယ်။
ဂြိုလ်တုဟာ ကမ်းရိုးတန်းဒေသတွေကို စူးစမ်းလေ့လာပြီး ရေအရည်အသွေးကို အကဲဖြတ်နိုင်မှာဖြစ်တဲ့အတွက် ငါးမွေးမြူ မယ့်နေရာဒေသတွေကို အတည်ပြုပေးနိုင်ပြီး ဗီယက်နမ်ရေလုပ်ငန်းဆိုင်ရာစီးပွားရေးကို ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာမြေပြင်ပေါ်က အက်တမ်မစ်အောက်စီဂျင်ကဲ့သို့သော ဓါတ်ပစ္စည်းသစ်တွေနဲ့ အမ်တီမိုနီသံဖြူအောက်ဆိုဒ် ဖုန်းထားတဲ့ ဆိုလာဆဲလ်တွေကို စမ်းသပ်ပြီး ကမ္ဘာပေါ်ကအခြားဝေးကွာတဲ့နေရာတွေကို အချက်ပြတွေ ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ ဗီယက်နမ်ဟာ အရွယ်အစား 11cmx 10×11.35cm ရှိ ပီကိုဒရဂန်ဂြိုလ်တု အသေးတစ် လုံးကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်ပြီးလွှတ်တင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယခုလွှတ်တင်လိုက်တဲ့ မိုက်ခရိုဒရာဂန် ပြီးရင် တော့ ဗီယက်နမ်ဟာ အလေးချိန် ၆၀၀ ကီလိုဂရမ်လေးပြီး အရွယ်အစား 1.5mx 1.5mx3m ရှိတဲ့ LOTUS at-1 နဲ့ LOTUSat-2 အမည်ရှိတဲ့ ဂြိုလ်တု နှစ်လုံးကို လွှတ်တင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အာဆီယံဒေသအတွင်းမှာ ဘက်ပေါင်းစုံ အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ ဗီယက်နမ်ကတော့ ဂျပန်တွေရဲ့ အကူအ ညီကို ရယူပြီး အာကာသနည်းပညာကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ကြိုးပမ်းလာခဲ့တာ အခု မိုင်ခရိုဒရာဂန်က သက် သေ ပင် ဖြစ်ပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြတဲ့ မြန်မာနဲ့ ဗီယက်နမ်နှစ်နိုင်ငံမှာ မြန်မာကတော့ မပြီးဆုံးနိုင်တဲ့ စစ်မီး တောက်တွေ၊ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။မြန်မာအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရှိသေးသမျှ ကာလ ပတ်လုံး အိတ်ပေါက်နဲ့ ဖါးကောက်သလိုပဲ ဆက်လက်ဖြစ်နေဦးမှာ ဖြစ်ပြီး တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေကလည်း ဆက်လက်ဆင်းရဲမွဲတေနေဦးမှာ မလွဲပါဘူး။

Ref:VNN

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: