Home Lifestyle Health ဘန်ကောက်မြို့တော်လေထုညစ်ညမ်းမှု အန္တရာယ်အဆင့်သို့ ရောက်ရှိ

ဘန်ကောက်မြို့တော်လေထုညစ်ညမ်းမှု အန္တရာယ်အဆင့်သို့ ရောက်ရှိ

0
ဘန်ကောက်မြို့တော်လေထုညစ်ညမ်းမှု အန္တရာယ်အဆင့်သို့ ရောက်ရှိ

မြန်မာတွေအတွက် ဘန်ကောက်မြို့တော်ဟာ အလည်ပဲဖြစ်ဖြစ်၊မသွားမဖြစ်တဲ့ ကိစ္စတွေကြောင့်ပဲဖြစ်ဖြစ် အများဆုံး ရောက် တတ်ကြတဲ့ မြို့တော်ဖြစ်ပါတယ်။ တိုင်းပြည်ပွင့်လင်းလာတာနဲ့ အတူ မြန်မာတွေ ပြည်တွင်းရော ၊ပြည်ပနိုင်ငံတွေကိုပါ သွားရောက်လည်ပတ်ကြတဲ့ အလေ့အထတွေလည်း ဖြစ်ထွန်းပေါ်ပေါက်လာပါတယ်။ ဒီလိုသွားရောက်ရာမှာ အများစု အတွက် စရိတ်စကအနည်းဆုံးလည်းဖြစ်သလို အလွယ်ကူဆုံးနဲ့ အနီးဆုံးမြို့တော်ကလည်း ဘန်ကောက်မြို့တော်ပဲ ဖြစ်ပါ တယ်။ မြန်မာတွေအများစုသွားရောက်နေကြတဲ့ ဘန်ကောက်မြို့တော်ဟာ ၂၀၁၈ ခုနှစ်ကုန်ခါနီးလောက်စပြီး လေထု ညစ်ညမ်း မှုအန္တရာယ်အဆင့်ကို ရောက်ရှိလာနေတယ်ဆိုတာ မြန်မာတွေသတိပြုမိဖို့ လိုပါတယ်။ ခုချိန်ခါမှာတော့ တာဝန် ရှိသူတွေဟာ လေထုညစ်ညမ်းမှုကို အလျင်အမြန်ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့ အနေနဲ့ လေယာဉ်သုံးပြီး မိုးတု တွေ ရွာအောင်ဖန်တီးနေသလို ရေပန်းတွေကို သုံးပြီး လေထုထဲက မသန့်ရှင်းတဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ ဆရာဝန်တွေကတော့ လေထုထဲက အညစ်အကြေးတွေကို မဖယ်ရှားနိုင်ဘူးဆိုရင် ဘန်ကောက် ဟာ လေထုညစ်ညမ်းမှုနဲ့ဆိုင်တဲ့ ကျန်းမာရေးပြသနာတွေကို ရင်ဆိုင်ရဖွယ်ရှိနိုင်တယ်လို့ သတိပေးထား ကြပါ တယ်။ အန္တရာယ်ပေးနိုင်တဲ့ အမှုန်ပါဝင်မှုဟာ PM ၂.၅အထိရောက်ရှိလာပြီး ခရိုင် ၅၀အနက် ၃၀ မှာ စိတ်မချရတဲ့ အခြေ အနေရှိတယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့တော်က တုတ်တုတ်မောင်းတဲ့ အသက် ၃၇နှစ်အရွယ်လူငယ်တစ်ဦးဖြစ်သူ Suriya Umalee ကတော့ ဒီလို မီးခိုးမှုန်တွေအုပ်ဆိုင်းတာဟာ ဆယ်စုနှစ်အတွင်းမှာ အဆိုးဆုံးလို့ ပြောပါတယ်။ကားတွေ အဆောက်အဦး တွေ က ထုတ်တဲ့ အမှုန်တွေကြောင့် လေထုညစ်ညမ်းပြီး သူနေမကောင်းဘူးလို့လည်းဆိုပါတယ်။
ဒီတစ်ပတ်အတွင်းမှာတော့ လေထုညစ်ညမ်းမှုကို ကာကွယ်ဖို့ တာဝန်ရှိသူတွေက နှာခေါင်းနဲ့ ပါးစပ်ကိုဖုံးအုပ်တဲ့ Mask ပေါင်း ၁၀၀၀၀ ကျော် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းဆေးကောင်စီကတော့ အသက်ရှူလမ်း ကြောင်း ရောဂါဆိုင်ရာ လူနာစာရင်းကတော့ လွန်ခဲ့တဲ့ သြဂုတ်လကတည်းက တိုးလာနေတယ်လို့ ဆိုပါတယ်။
Siriraj ဆေးရုံမှ အသက်ရှူလမ်းကြောင်းဆိုင်ရာအတိုင်ပင်ခံဆရာဝန်ကြီး Professor Nitipatana Chierakul ကတော့ သူ့အမြင်အရ ဒါဟာ လာမယ့် ၂နှစ် ၃နှစ်အတွင်းမှာ အန္တာရာယ်တစ်ခုကို ရင်ဆိုင်ရတော့မယ်ဆိုတဲ့ သတိ ပေးချက်ဖြစ်တယ်လို့ ဆိုကြောင်းသိရပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုရပ်တန့်ရေးအဖွဲ့ (Stop Global Warming Association)ရဲ့ဥက္ကဋ္ဌဖြစ်သူ Srisuwan Janya ကလည်း ဘန်ကောက်မှာဖြစ်ပျက်နေတဲ့ လေထုညစ်ညမ်းမှု ပြသနာဟာ လတ်တလောမှာ အန္တာရာယ်အခြေအနေပါပဲလို့ ဆိုပါတယ်။
အစိုးရအနေနဲ့တော့ ရုံးတက်ရုံးဆင်းတဲ့ လူတွေအသွားအလာများချိန်မျိုးမှာ ထရပ်ကားကြီးတွေကို မြို့ထဲမှာမမောင်းဖို့ တားမြစ်ထားပါတယ်။လေထုညစ်ညမ်းမှု ထိမ်းချုပ်ရေးဋ္ဌာနကတော့ ကားတွေကထွက်တဲ့ ညစ်ညမ်းမှုက ၅၀ ကနေ ၆၀% အထိရှိပြီး ကျန်တာတွေက အမှိုက်တွေကိုမီးရှို့ရာကနေ ထွက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ကဲ၊အလည်သွားဖို့ ပြင်ဆင်ပြီးပြီပဲဖြစ်ဖြစ်၊မသွားမဖြစ်လို့ သွားကြရမယ့်သူတွေပဲဖြစ်ဖြစ် ဘန်ကောက်ကို ရောက်ရင်တော့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ မဖြစ်ဖို့အတွက် အသက်ရှူပေါက်တွေကို ကာကွယ်ပေးမယ့် မျက်နှာဖုံးတွေ မဖြစ်မနေဆောင်ယူသွားကြဖို့ အကြံပြုတင်ပြလိုက်ပါတယ်။

Ref:Sky News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: