Home Lifestyle Health ကျန်းမာရေးအတွက် ဘယ်လို အိပ်စက်ကြမလဲ

ကျန်းမာရေးအတွက် ဘယ်လို အိပ်စက်ကြမလဲ

0
ကျန်းမာရေးအတွက် ဘယ်လို အိပ်စက်ကြမလဲ

လူတိုင်းက အိပ်စက်တာကို သဘောကျနှစ်သက်ကြပါတယ်။ အိပ်စက်ခြင်းက လူသားတွေ ကျန်းမာရေးအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဒီလောက်အရေးပါပေမယ့် ဒီနေ့ကမ္ဘာပေါ် နေ့စဉ်နဲ့အမျှအိပ်မပျော်တဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ အိပ်ပျော်တယ်ဆိုရင်တောင် သင်အိပ်စက်တဲ့ပုံစံဟာ သင့်ကျန်းမာရေးအတွက် အထောက်အကူတစ်ခုဖြစ်ရဲ့လားလို့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။

လူအများစု ကြားဖူးနေကျ ကတော့  တစ်ညတာအိပ်စက်ရမယ့်အိပ်စက်ချိန် ပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ညတာအိပ်စက်ချိန်ကာလမှာ ကျန်းမာရေးကို အထောက်အကူဖြစ်အောင်ဘယ်လိုအိပ်ရမလဲဆိုတာကိုတော့ သိတဲ့လူနည်းပါလိမ့်မယ်။ ဟုတ်ပါတယ်၊အိပ်စက်တဲ့ပုံစံဟာ ကျန်းမာရေးအတွက် အရေးပါပါတယ်။ လူအများစုကတော့ သူတို့သက်တောင့်သက်သာဖြစ်တဲ့နည်းနဲ့အိပ်တတ်ကြပါတယ်။ တချို့က ပက်လက် ကျောချပြီးအိပ်ကြသလို့ တချို့ကတော့ ဗိုက်ကိုဖိပြီး မှောက်ခုံ အိပ်တတ်ကြပါတယ်။တချို့ကဆိုရင် ဘယ်ဘက်သို့စောင်းပြီး အိပ်တတ်ကြသလို တချို့ကတော့ညာဘက်စောင်းပြီးအိပ်ကြပါတယ်။

why sleeping is important

ပက်လက်လှန်ပြီး ကျောချအိပ်တဲ့သူတွေက အသက်ရှူမှုနဲ့ဆိုင်တဲ့ ပြသနာရှိနိုင်ပါတယ်။ ပန်းနာရှိသူတွေ၊ဒါမှမဟုတ် အိပ်တဲ့အခါ အသက်ရှူရပ်တတ်တဲ့သူတွေက ဒီပုံစံမျိုးမအိပ်သင့်ပါဘူး။ ဆေးသိပ္ပံအလိုအရတော့ ကျန်းမာရေးအတွက်အသင့်တော်ဆုံးက ဘယ်ဘက်သို့စောင်းအိပ်ခြင်းလို့ဆိုပါတယ်။ဘယ်ဘက်သို့စောင်းအိပ်တဲ့အခါ အစာချေဖျက်မှုကိုတိုးတက်ကောင်းမွန်စေတယ်လို့ဆိုပါတယ်။ ဘယ်ရောညာပါ နှစ်ဖက်စလုံးက သူ့အကျိုးတရားတွေရှိနိုင်ပေမယ့် အာယုဗေဒဆေးပညာအရတော့ ဘယ်ဘက်စောင်းအိပ်တာကပိုပြီးကောင်းတယ်လို့ ဆိုပါတယ်။ ကိုယ်ခန္ဓာတစ်ခုလုံးကို ခြုံငုံသုံးသပ်တဲ့ Holistic Medicine ဆေးပညာအရ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ဟာ လင့်ရည်များစိုးမိုးတဲ့နေရာလို့ဆိုပါတယ်။ ဘယ်ဘက်သို့စောင်းအိပ်တဲ့အခါ ရင်ခေါင်းပြွန်နဲ့ လင့်ဖုများကိုဖြတ်သန်းလာတဲ့ စွန့်ပစ်ပစည်းတွေ၊အရည်တွေနဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်ဖို့အချိန်ပိုရပါတယ်။ နောက်ထပ် အကျိုးတွေလည်းရှိပါသေးတယ်။

(၁) ကျောရိုးမကြီးကို သက်သာစေတယ်။

ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါ ကျောရိုးမကြီးပေါ်ကိုကျရောက်တဲ့ဖိအားကို လျော့နည်းစေတဲ့အတွက် နာတာရှည် ကျောအောင့်၊ကျောနာတတ်သူတွေကိုသက်သာစေပါတယ်။

(၂) နှလုံးအတွက်ကောင်းစေတယ်။

သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး နှလုံးဖိအားကိုလည်းလျော့နည်းစေပါတယ်။

(၃) ကိုယ်ဝန်ဆောင်မိခင်များအတွက်အထူးကောင်းပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များရဲ့ ကျောကုန်းကို သက်သာစေရုံသာမက သားအိမ်၊သနေသားအပါအဝင် ကျောက်ကပ်သို့သွေးစီးဆင်းမှုကို ကောင်းမွန်စေတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်များလုံးဝလိုက်နာရမယ့် အချက်ဖြစ်ပါတယ်။

(၄) ရင်ပူပြီး လေပွတဲ့ပြဿနာကို လျော့နည်းစေပါတယ်။

အစာအိမ်ရောဂါကိုလေ့လာတဲ့ ဆေးပညာအရ  ဘယ်ဘက်သို့စောင်းအိပ်တာဟာ ရင်ပူလေပွပြီးလေချဉ်တက်တဲ့ပြသနာကို လျော့ကျစေတယ်လို့ဆိုပါတယ်။
ကဲ၊ဒါဆိုရင် ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေဖို့ ဘယ်ဘက်သို့စောင်းအိပ်ဖို့ အလေ့အထကို ဘယ်လို လုပ်ယူသင့်ပါသလဲ။

  •    ဘယ်ဘက်သို့စောင်းအိပ်တဲ့အခါ မိမိရဲ့ ကျောဘက်မှာ ခေါင်းအုံး၊ဒါမှမဟုတ် ဖက်အုံးတစ်ခုခုခံထားပါ။ဒါမှ သင်ညာဘက်ကိုလှည့်တာနဲ့အလွယ်တကူသိနိုင်ပါလိမ့်မယ်။
  •     သင့်ကုတင်ရဲ့ ညာဘက်မှာ မီးခပ်မှိန်မှိန်တစ်လုံးထွန်းထားပေးပါ။ သင်ညာဘက်လှည့်လိုက်တိုင်း မီးအလင်းက သင့်ကိုအသိပေးနေမှာပါ။
    သင့်မှာရှိနေပြီးသားအိပ်တဲ့အလေ့အထဟောင်းတွေကိုနည်းနည်းလေးအားထုတ်ပြုပြင်လိုက်ရုံနဲ့ ကျန်းမာရေး အကျိုးကျေးဇူးကိုရရှိခံစားနိုင်မှာမို့ ကြိုးစားပြီးစမ်းကြည့်စေချင်ပါတယ်။ တကယ်လို့အကျိုးရှိတယ်ဆိုရင်တော့ သင့်အနီးအနားကလူတွေကို လက်တို့ဖို့လဲ မမေ့ပါနဲ့ဦး။

ကောင်းစွာအိပ်စက်အနားယူပြီး လန်းဆန်းတက်ကြွကာ ဘဝရဲ့လိုအင်တွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: