Home How To နိုင်ငံကို ဆင်းရဲတွင်းထဲသို့ ကျဆင်းစေခဲ့သော အကျင့်ပျက်ခြစားမှု

နိုင်ငံကို ဆင်းရဲတွင်းထဲသို့ ကျဆင်းစေခဲ့သော အကျင့်ပျက်ခြစားမှု

0
နိုင်ငံကို ဆင်းရဲတွင်းထဲသို့ ကျဆင်းစေခဲ့သော အကျင့်ပျက်ခြစားမှု
Giving a bribe into a pocket - closeup shot

အသက်ငါးဆယ်ကျော်တန်းတွေ၊ အထူးသဖြင့် ၁၉၆၁-၆၂ လောက်မှာ မွေးဖွားလာကြသူတွေအားလုံး နီးပါးလောက်ဟာ အဲဒီကာလတုန်းက တွင်တွင်ကျယ်ကျယ်မသုံးသေးတဲ့ အကျင့်ပျက်ခြစားမှုဆိုတဲ့ စကားလုံးနဲ့ သိပ်ပြီးမရင်းနှီးခဲ့ကြပေမဲ့ အောက်ဆိုဒ်ဆိုတဲ့ စကားလုံးနဲ့တော့ အတော့်ကိုရင်းနှီးခဲ့ကြလိမ့်မယ်လို့ထင်ပါတယ်။အဲဒီကာလမှာ အချင်းချင်း သတင်းမေးကြရင်တောင် မင်းအလုပ်က အောက်ဆိုဒ်ရရဲ့လားလို့ မေးတတ်ကြသလို သားသမီးတွေအလုပ်လျှောက်ရင် လည်း မိဘ အများစုက အောက်ဆိုဒ်ရတဲ့ အလုပ်မျိုးကိုမှ လျှောက်ခိုင်းတတ်ကြတယ်။
အောက်ဆိုဒ်ရမှ လူတော်ခေတ်
အဲဒီကာလတုန်းက အဆက်အသွယ်အပေါင်းအသင်းကောင်း သူတွေ၊ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ နီစပ်သူတွေသာ ဒီလို အောက်ဆိုဒ်ရတဲ့ အလုပ်မျိုးကို ရတတ်ကြတယ်။ သာမန်လူတွေအဖို့တော့ ရရာအလုပ်ဝင်လုပ်ပြီး ရုန်းကန်လှုပ်ရှားခဲ့ကြ ရတယ်။ အဲဒီကာလတုန်းက အောက်ဆိုက်မရတဲ့ သူတွေဆိုရင် လူရာမသွင်းချင်ကြဘူး။ အောက်ဆိုဒ်ရမှ လူတော် လူမော်၊ အောက်ဆိုဒ်မရတဲ့ လူတွေကို လူညံ့၊လူအလို့ ထင်တတ်ကြတယ်။ ဘယ်ရုံး ဋ္ဌာန၊ဘယ်နေရာတွေကို မဆို အလုပ်ပြီးမြောက်ဖို့ အတွက် အောက်ဆိုဒ်ပေးကြရတယ်။နေရာတိုင်းမှာ အောက်ဆိုဒ်ဆိုတာ ထမင်းစားရေသောက် သုံးနှုံးပြောဆိုကြသလို အောက်ဆိုဒ်အတွက် ဘယ်သူကမှ အထင်အမြင်သေးတာတို့၊မကောင်းမှုလို့ မြင်တာတို့ မရှိ တဲ့အထိ မြန်မာ့လူ့ဘောင်တစ်ခုလုံး လူမှုစံတွေ၊ တန်ဖိုးတွေကျဆင်းသွားခဲ့ရပါတယ်။ ဝန်ထမ်းအချင်းချင်း၊ လစာ စကေးအတူတူအချင်းချင်းကို ဘဝအဆင့်အတန်း တွေခွဲခြမ်းပေးလိုက်တာဟာ အဲဒီအောက်ဆိုဒ်ပဲဖြစ်ပါတယ်။

Giving a bribe into a pocket – closeup shot

အောက်ဆိုဒ်ရဲ့ အကျိုးဆက်တွေ
အောက်ဆိုဒ်ရဲ့ အကျိုးဆက်အနေနဲ့ မျက်စိနဲ့မြင်နိုင်တာကတော့ တိုင်းပြည်က အကြွေးထူလာပြီး ပြည်သူ ပြည်သားတွေရဲ့ အကျိုးစီးပွားအတွက် မဆိုစလောက်သာခရီးရောက်ခဲ့ပြီး အများစုကတော့ အောက်ဆိုဒ်အဖြစ် ယိုဖိတ်သွားခဲ့တယ်။ တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို အပြည့်အဝမသုံး စွဲဘဲ တည်ဆောက်ခဲ့ကြတဲ့ အတွက် လုပ်ငန်း စီမံကိန်းတွေဟာလည်း အရည်အသွေးမမီတာတွေ၊အချိန်မတိုင်မီ ပျက်စီးယိုယွင်းတာ တွေ၊ မပြီးမြောက်တာတွေ များစွာရှိခဲ့ပါတယ်။ဒီအထဲက ရန်ကုန်နဲ့အနီးဆုံး ထင်ရှားတဲ့ သာဓကတစ်ခုကို တွေ့မြင်ချင်တယ်ဆိုရင်တော့ ပုသိမ်၊လှိုင်သာယာရထားလမ်းကြီးကိုပဲ သွားကြည့်ကြဖို့ ညွှန်းဆိုပါရစေ။
ဆယ်စုနှစ်ပေါင်း လေးငါးခြောက်ဆယ်ကြာလာပြီးတဲ့ အခုအချိန်မှာတော့ တိုင်းပြည်ရဲ့ ကြွေးမြီတွေ ဒေါ်လာ သန်းပေါင်း သောင်းချီရှိလာခဲ့တယ်။ ဒါဟာ ငွေကြေးနဲ့ တွက်ချက်လို့ ရတဲ့ ဆိုးကျိုးပါ။ ငွေကြေးနဲ့ တိုင်းတာ လို့မရတဲ့ ဆိုးကျိုးကတော့ နိုင်ငံဝန်ထမ်းအများစု အပါအဝင် ပြည်သူအများစုရဲ့ လူမှုတန်ဖိုးတွေ ကျဆင်း ပျက်စီးသွားခြင်းပဲဖြစ်ပါတယ်။ မကောင်းမှုကို ကောင်းမှုလို့ထင်မြင်လာကြခြင်း၊မကောင်းမှုလို့သိပေမယ့် ကျူးလွန်ဖေါက်ဖျက်ရမှာကို ရှက် ကြော က်စိတ်မရှိကြတော့တာတွေ၊နိုင်ငံနဲ့လူမျိုးအတွက် ဆိုတဲ့ နိုင်ငံအပေါ်မှာ ထားရ့မယ့် သဘောထားအမြင်၊ အနာဂတ် မျိုးဆက်တွေအပေါ်ထားရမယ့် အမြင်တွေပျက်သုန်းခဲ့ကြပြီး အခွင့်အရေးပေးတဲ့အချိန်မှာ မိမိကိုယ်ကျိုးအတွက် ရသ လောက်သိမ်းကျူံးပြီး ကိုယ်ကျိုးစီးပွားရှာ ခဲ့ကြတယ်။ ဒါတွေဟာ ဒီလူ့ဘောင်အတွက် တန်ဖိုးဖြတ်မရတဲ့ ဆုံးရှုံးမှု ကြီးဖြစ်လာတယ်။
ဆင်းရဲတွင်းရောက်ကြရ
ဟိုစဉ်က နိုင်ငံတကာနဲ့ ထိတွေ့ခွင့်မရခဲ့ကြလို့ ဘာမှ မသိနိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတံခါးဖွင့်လာတဲ့အချိန် အရာရာ အားလုံးက နောက်ကျခဲ့ရပါပြီ။ကုန်ကုန်ပြောရရင် အမှိုက်တောင် စည်းကမ်းတကျ မစွန့်ပစ်တတ်တဲ့ လူမျိုးဖြစ်လာ ခဲ့ရတဲ့အတွက် အတော့်ကိုရင်နာစရာပါပဲ။ ဒါတွေရဲ့ အဓိကတရားခံကတော့ အကျင့်ပျက်ခြစားမှု ပါပဲ။ အကျင့်ပျက်ခြစား မှုဟာ ဗိုင်းရပ်အသွင် ကူးစက်မြန်တဲ့အတွက် မိုးခါးရေသောက်သူတွေများလာခဲ့တယ်။ ဒါတွေကိုပြုပြင်ဖို့ ကြိုးစားနေတဲ့ ခုချိန်မှာမှာတောင် တရားစီရင်တဲ့သူတွေကိုယ်တိုင်က မတရားသူတွေဖြစ်နေတာ အားလုံးသိပြီးဖြစ်ကြပါလိမ့်မယ်။
စီးပွားရေးပိုင်းကိုကြည့်လိုက်ပါဦး။ အဲဒီတုန်းကစနစ်အရ တိုင်းပြည်ရဲ့ စီးပွားရေးအားလုံးကို အစိုးရက နှစ်ပေါင်း များစွာ လုပ်ကိုင်ခဲ့တာကြောင့် ဈေးကွက်စီးပွားရေးကို စတင်တဲ့ အချိန်မှာ သာမန်ပြည်သူအများစုက သာမန်အရောင်း အဝယ် လောက်ကလွဲပြီး စီးပွားလုပ်ငန်းထူထောင်လုပ်ကိုင်ဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ အဲဒီတုန်းကစီးပွားရေးဟာလည်း ရင်းနှီးသူတွေကို လုပ်ကွက်ပေးတဲ့၊ပါမစ်ပေးတဲ့ စီးပွာရေးတွေသာများပြီး တိုင်းပြည်အတွက် ပြည်ပပို့ကုန်တွေဆိုတာ လည်း သဘာဝယသယံဇာတ အရင်းအမြစ် ကုန်ကြမ်းတွေသာ များပါတယ်။ အဆိုးဆုံးကတော့ ပြည်ပဆန်တင်ပို့မှု ကျဆင်းပြီး လူများစု လယ်သမားတွေရဲ့ဘ၀ ဆင်းရဲတွင်း နက်ခဲ့ရတယ်။ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ အလှမ်းဝေးတဲ့ သာမန် လုပ်ငန်းရှင်တွေအတွက်၊ ငွေးကြေးအရင်းအမြစ်၊ နည်းပညာအရင်းအမြစ်တွေ မရနိုင်တာကြောင့် နိုင်ငံရပ်ခြားနဲ့ အရည် အသွေး ယှဉ်ပြိုင်နိုင်တဲ့ ထုတ်ကုန်တွေမထုတ်လုပ်နိုင်တဲ့အတွက် နိုင်ငံရပ်ခြားမှာ (Made In Myanmar)၊ (product of Myanmar) ဆိုတာ လုံးဝကိုမရှိသလောက်ဖြစ်ခဲ့ရတယ်။ဒါကြောင့်လည်း တိုင်းပြည်ရဲ့ ကုန်သွယ်မှုလိုငွေဟာ ယခုအချိန်ထိ ထာဝရ အနှုတ်ပြနေဆဲပါပဲ။
FDI အတွက် အဆင်သင့်ဖြစ်ပြီလား
ခုချိန်မှာတော့ လက်ရှိအစိုးရအနေနဲ့ တိုင်းပြည်စီးပွားတိုးတက်ဖို့ FDI တွေကို အစွမ်းကုန် ဖိတ်ခေါ်နေသလို တစ်ဖက်က လည်း တိုင်းပြည်ကို ဆင်းရဲတွင်းထဲသို့ဆွဲချခဲ့တဲ့ အဓိကအကြောင်းတရားဖြစ်တဲ့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်နေ တာလည်းတွေ့ရပါတယ်။ကြိုဆိုပါတယ်။ FDI ဆိုတာ ရင်းနှီးမြှပ်နှံဖို့ လာကြမယ့်ဧည့်သည်တွေ၊ ငွေထုတ်ပိုက်ပြီး အလုပ်လုပ်ဖို့ လာကြမယ့်ဧည်သည်တွေဖြစ်ပါတယ်။ သူတို့လာဖို့ဆိုတာ အိမ်ရှင်ဖက်က အစစအရာအရာအဆင်ပြေမှ လာကြမှာဖြစ်ပါတယ်။FDI တွေအကြောက်ဆုံးထဲမှာ တစ်ခုကလည်း အဲဒီ အကျင့် ပျက်ခြစားမှုပါပဲ။FDI တွေကို ဖိတ်ခေါ်နေစဉ်မှာပဲ စီးပွားရေးလုပ်ငန်းလုပ်ဆောင်တဲ့အခါ ဖြတ်သန်းဆက်ဆံကြရမယ့် အောက်ခြေရုံးတွေရဲ့ အခြေအနေ ကို အရင်ဆုံး လေ့လာသုံးသပ်ဖို့ လိုပါလိမ့်မယ်။ အခုအချိန်ထိ ခေါက်ရိုးကျိုးနေတဲ့ အတွေးတွေ၊လုပ်ရပ်တွေရှိနေ၊မနေ လေ့လာသုံးသပ်ပြီး နိုင်ငံကောင်းကောင်း ရှင်သန်ကြီးထွားဖို့ မကောင်းတဲ့ သွေးဆိုးသွေးညစ်တွေကို ဖေါက်ထုတ်ပစ်ဖို့ လိုပါတယ်။

Corruption Index of Myanmar
သမိုင်းကပေးခဲ့တဲ့ သင်ခန်းစာတွေရှိ
ခေတ်အဆက်ဆက်မှာ သမိုင်းသင်ခန်းစာတွေများစွာရှိပါတယ်။ ဒီသင်ခန်းစာတွေထဲမှာ အရေးပါတဲ့ သင်ခန်းစာတွေ ထဲက တစ်ခုကတော့ တိုင်းပြည်ရဲ့ ပညာရေးစနစ် တိုးတက်ကောင်းမွန်ဖို့ အစွမ်းကုန်လုပ်ဆောင်ရမယ့် သင်ခန်းစာပဲ ဖြစ်ပါတယ်။တိုင်းပြည်တိုးတက်ဖို့ သဘာဝအရင်းအမြစ်ထက် ပိုအရေးကြီးတာ လူသားအရင်း အမြစ်ဖြစ်ပါတယ်။ ပညာရေးဟာ လူသားအရင်းအမြစ်ကောင်းတွေကို မွေးထုတ်ရာနေရာဖြစ်တယ်။ ပညာရေးဟာ ငွေကုန်တဲ့ ဋ္ဌာနမို့ ငွေမကုန်အောင်လျှော့သုံးဆိုတဲ့ အတွေးမျိုးလောက်နဲ့ တိုင်းပြည်ကို စီမံအုပ်ချုပ်မယ်ဆိုရင် ဆိုးရွားတဲ့သမိုင်းက တစ်ပတ်လည်လာဖို့ပဲရှိပါတယ်။
အကြောင်းရင်းသိတာပညာပါ
ပညာရေးစနစ်ကောင်းရင် နည်းပညာပါတိုးတက်ပြောင်းလဲလာမှာမို့ ပညာရေးကပြန်ရမယ့် အသီးအပွင့်တန်ဖိုးဟာ ရေတွက်မကုန်နိုင်ပါဘူး။နည်းပညာမြင့် ပို့ကုန်တွေ ထုတ်လုပ်နိုင်ပြီး ပြည်ပပို့ကုန်တွေ တိုးတက်လာမယ်။ ဆက်သွယ်ရေး စနစ်တွေ ကောင်းလာမယ်။ဋ္ဌာဆိုင်ရာဝန်ထမ်းတွေ အရည်အသွေးပြည့်ဝလာမယ်။အခုလက်ရှိ အစိုးရက အကောင် အထည်ဖေါ်ဖို့ ကြိုးစားနေတဲ့ e-government အပြည့်အ၀ အကောင်အထည်မဖေါ်နိုင် သေးတာဟာ ပညာရေး နိမ့်ကျမှုရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့် ကဏ္ဍစုံမှာ မရေတွက်နိုင်လောက်အောင် အကျိုးတွေကို ပေးမှာက ပညာရေးအရင်းအနှီးသာ ဖြစ်ပါတယ်။ပညာရေးကောင်းပြီဆိုတာနဲ့ ကျန်တာတွေက အကုန်လိုက်ပါတိုးတက်မှာ ဖြစ်ပါတယ်။ အကျိုးဖြစ်လာရတဲ့ အကြောင်းရင်းကို သိတာဟာ ပညာမို့ အကြောင်းရင်းသိသူ တွေများလာဖို့လိုပါတယ်။ ဒါဟာ အင်မတန်လွယ်ကူရိုးရှင်းပါတယ်။
နောက်ဆုံးတင်ပြရရင် ပညာသင်ကြားပေးတဲ့ နေရာဋ္ဌာနတွေကနေ ကောင်းမွန်မှန်ကန်တဲ့ လူ့ကျင့်ဝတ်တွေကို မလေ့ ကျင့်ပေးနိုင်ခဲ့တဲ့အတွက် ဒီကနေ့ အကျင့်ပျက်ခြစားမှု ပြသနာကိုပုဆိန်နဲ့ ထွင်းနေရခြင်းဖြစ်ပါတယ်။ အောက် ဆိုဒ်က စခဲ့တဲ့ ဒီအကျင့်ဆိုးကို နောင်မျိုးဆက်အထိ အမွေမပေးကြပါနဲ့တော့။ဒီနိုင်ငံသားဖြစ်ရတဲ့ ပြည်သူတွေလည်း ဆင်းရဲတွင်း ထဲမှာ မွန်းကျပ်လှပါပြီ။ တကယ်တော့ လူသာပဓါနကျတဲ့ ဒီလောကမှာ သဘာဝအရင်းအမြစ်တွေပေါကြွယ်ဝတဲ့ ဒီနိုင်ငံတော်ကြီး အခုလိုဆင်းရဲမွဲတေသွားရခြင်းဟာ လူတွေကြောင့်သာဖြစ်ပါတယ်။ ဒီလူတွေကို ဖျက်ဆီးပစ်လိုက် နိုင်တာကလည်း အဂတိတရားလိုက်စားမှုနဲ့အကျင့်ပျက်ခြစား မှုတွေပဲ ဖြစ်ပါတယ်။အနာဂတ်မျိုးဆက်တွေကို ချစ်မြတ်နိုးကြရင်ဖြင့် တိုင်းပြည်ကို ဆင်းရဲတွင်းထဲကျရောက်စေခဲ့တဲ့ အကျင့်ပျက်ခြစားမှုကို ချေမှုန်းတိုက်ဖျက်ဖို့တာဝန် နိုင်ငံသားတိုင်းမှာ ရှိပါတယ်ဆိုတာ ထင်ပြလိုက်ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: