Home Knowledge ဗုဒ္ဓဘာသာဝင်တွေနောင်တရတတ်တဲ့ အကြောင်းတရား(၁၀)ပါး

ဗုဒ္ဓဘာသာဝင်တွေနောင်တရတတ်တဲ့ အကြောင်းတရား(၁၀)ပါး

0
ဗုဒ္ဓဘာသာဝင်တွေနောင်တရတတ်တဲ့ အကြောင်းတရား(၁၀)ပါး

လူဆိုတာ အမှားလုပ်တာကြတာသဘာဝပါပဲ။ တစ်ချို့က အမှားတွေကနေ သင်ခန်းစာယူပြီး အမှန်ပြင်ရမယ့်အစား အမှားတွေကိုသာ ဆက်ပြီးကျူးလွန်တတ်ကြပါတယ်။ ဒီလိုလူမျိုးကိုတော့ လူမိုက်လို့ ပဲဆိုကြရမှာပါ။ လူတစ်ချို့ကတော့ လူ့သဘာဝအတိုင်းအမှားကို ကျူးလွန်တတ်ကြပေမယ့် မှားမှန်းကို သိပြီး နောင်မှာ အမှန်ကို ပြင်တတ်ကြပါတယ်။ ဒီလိုလူမျိုးအတွက် အမှားတွေဟာ သူတို့ ဘဝအမြင့်ကို တက်လှမ်းဖို့ လှေခါးတစ်တွေလို့ ဆိုရမှာဖြစ်ပါတယ်။ လူတွေမှားတတ်တဲ့အမှားတွေထဲမှာ တစ်ချို့အမှားတွေကို မေ့မေ့ပျောက်ပျောက်ရှိနိုင်သလို တစ်ချို့အမှားတွေ ကတော့ နောင်မမှားအောင် အမှန်ကိုပြင်နိုင်ပေမယ့် ကွယ်လွန်ခါနီးအချိန်ထိ မှားခဲ့လေခြင်းလို့ နောင်တရလောက်တဲ့ အထိမှားခဲ့တတ်ကြတဲ့ အမှားတွေရှိပါတယ်။ဒီအမှားတွေကဘယ်လိုအမှားမျိုးတွေပါလဲ။ လူတွေကို ကြီးစွာနောင်တ ရစေနိုင်တဲ့ အမှားအကြောင်းတရား ၁၀ မျိုးရှိပါတယ်။
(၁) ငယ်စဉ်အခါ ပစ္စည်းဥစ္စာမရှာဖွေမစုဆောင်းခဲ့တဲ့အတွက် အသက်ကြီးချိန်မှာ မရှိဆင်းရဲဖြစ်ရတဲ့ နောင်တ တရားပါ။
(၂) ငယ်စဉ်ခါ ပညာသင်ခွင့်ရခဲ့ပါလျက် ပညာကို ကောင်းစွာကြိုးပမ်းအားထုတ်ပြီး မသင်ယူခဲ့တဲ့အတွက် အသက်မွေးမှု ဒုက္ခရောက်ချိန်မှာ ဖြစ်ရတဲ့ နောင်တပါ။
(၃) သူတပါးအပေါ်ကောက်ကျစ်စဉ်းလဲခြင်း၊ကုန်းချောခြင်း၊ရန်တိုက်ခဲ့ခြင်းတို့ ကြောင့် သေခါနီးချိန်မှာရတတ်တဲ့ နောင်တပါ။
(၄) သူတပါးတို့ရဲ့ အသက်ကို ရက်စက်စွာသတ်ဖြတ်ခြင်၊ညှင်းဆဲခြင်း၊ကြမ်းကြုတ်ခြင်း၊ ယုတ်မာညစ်ညမ်းသောအမှု ကိုပြုခြင်း တို့ကြောင့့် သေခါနီးအချိန်မှာရတတ်တဲ့ နောင်တပါ။
(၅) မပြုကျင့်အပ်တဲ့ သူတပါးသားမယား၊သားသမီး၊ခင်ပွန်းတွေအပေါ် ကာမဂုဏ်မှားယွင်းမိရင်လည်း နောင်တကြီးစွာ ရတတ်ပါတယ်။
(၆) ပစ္စည်းဥစ္စာပေါများကြွယ်ဝပါလျက်နဲ့ မပေးလှူခဲ့ဘူးဆိုရင်လည်း သေခါနီးမှာ နောင်တကြီးစွာရတတ်ပါတယ်။
(၇) ငွေအား၊လူအား၊ဉာဏ်အားရှိပါလျက်နဲ့ အမိ၊အဖတို့ကို ကောင်းစွာမကျွေးမွေးမပြုစုခဲ့ရင်လည်း သေခါနီးမှာ နောင် တရတတ်ပါတယ်။
(၈) ကျေးဇူးကြီးလှတဲ့ အမိအဖတို့အပေါ် မထီမဲ့မြင်ပြုပါကလည်း နောင်မှာ နောင်တကြီးစွာရတတ်ပါတယ်။
(၉) သီလ၊သမာဓိ၊ပညာနှင့်ပြည့်စုံသော ရဟန်းတော်တို့ရှိပါလျက်နှင့် မကိုးကွယ်မဆည်းကပ်ခဲ့ပါကလည်း နောင်တွင် နောင်တကြီးစွာရတတ်ပါတယ်။
(၁၀) ကောင်းမြတ်တဲ့အကျင့်ရှိပါလျက်နှင့် ကျင့်ကြံအားထုတ်မှု မရှိခဲ့ပါကလည်း သေခါနီးအချိန်တွင် နောင်တ တ် ကြီးစွာရတတ်ပါတယ်။
ကဲမိတ်ဆွေ၊နောင်မှတတ်ရတဲ့ နောင်တဆိုတာမျိုးမရှိရလေအောင် အချိန်တိုင်းမိမိတို့ပြုသမျှအမှုကိစ္စတွေကို သတိ တရားနဲ့ဆင်ခြင်နိုင်ကြပါစေ။ နောင်တကင်းရှင်းပြီး ဘဝအလင်းရနိုင်ဖို့ အထက်ကဖေါ်ပြခဲ့တဲ့ အကြောင်းတရားများ ကို ရှောင်ရှားနိုင်ကြပါစေဗျာ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: