Home Knowledge ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးဦးဆောင်မှုမှာ အမျိုးသမီးဦးရေနည်းပါးမှုအတွက် ဆွေးနွေးအဖြေရှာ

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးဦးဆောင်မှုမှာ အမျိုးသမီးဦးရေနည်းပါးမှုအတွက် ဆွေးနွေးအဖြေရှာ

0
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးဦးဆောင်မှုမှာ အမျိုးသမီးဦးရေနည်းပါးမှုအတွက် ဆွေးနွေးအဖြေရှာ

၂၀၁၄ ခုနှစ်ထိုင်းစစ်တပ်က အာဏာမသိမ်းမီအချိန်ထိ ထိုင်းနိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်ထဲမှာ အမျိုးသမီးဦးရေ အချိုးအစားနည်းပါးနေတဲ့အတွက် ရွေးကောက်ပြီးရင်ပေါ်ထွက်လာမယ့် လွှတ်တော်နိုင်ငံရေးမှာ အမျိုးသမီး တွေရဲ့ဦး ဆောင်မှုတိုးတက်များပြားလာဖို့အတွက် အမျိုးသားအဆင့် ဆွေးနွေးပွဲတစ်ခုကို ထိုင်းနိုင်ငံဘန်ကောက်ဟိုတယ်မှာ အင်္ဂါနေ့က ကျင်းပခဲ့ကြောင်း ဘန်ကောက်ပိုစ့်သတင်းအရသိရပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၁၈ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာပါလီမန်သမဂ္ဂ (IPU) ကထုတ်ပြန်ခဲ့တဲ့ စာရင်းအရ နိုင်ငံပေါင်း၁၉၃ ထဲက လွှတ်တော် တွေမှာ အမျိုးသမီးပါဝင်မှုအဆင့် ၁၈၄ ရှိပြီး ရာနှုန်းအနေနဲ့ ၅.၃% သာရှိတဲ့အတွက် တစ်ကမ္ဘာလုံးနဲ့ယှဉ်ရင် အရမ်းနည်းနေပါတယ်။ အာဆီယံဒေသအတွင်းမှာဆိုရင်တော့ မြန်မာနိုင်ငံပြီးရင် ထိုင်းနိုင်ငံဟာ နိုင်ငံရေးခေါင်း ဆောင် မှုမှာ အမျိုးသမီးတွေပါဝင်မှု အနည်းဆုံးနိုင်ငံဖြစ်ပါတယ်။ မြန်မာကတော့ အဆင့် ၁၆၁မှာရှိပြီး လွှတ်တော် နှစ်ရပ်စလုံးမှာ ၁၀%ကျော်သာရှိပါတယ်။ အာဆီယံဒေသအတွင်းက အမျိုးသမီးနိုင်ငံရေးဦးဆောင်မှု အခြေအနေကို တင်ပြပေးလိုက်ပါတယ်။

Ref: IPU/Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: