Home How To သင့်မှာ အပေါင်းအသင်းများပေမယ့် မိတ်ဆွေကောင်းရှိရဲ့လား

သင့်မှာ အပေါင်းအသင်းများပေမယ့် မိတ်ဆွေကောင်းရှိရဲ့လား

0
သင့်မှာ အပေါင်းအသင်းများပေမယ့် မိတ်ဆွေကောင်းရှိရဲ့လား

လူဆိုတာ ပေါင်းသင်းတတ်တဲ့ သတ္တဝါဖြစ်တဲ့အတွက် သိတတ်စအရွယ်ကစပြီး ပေါင်းသင်းဆက်ဆံမှုတွေကို ပြုတတ် ကြပါတယ်။ ခလေးဘ၀ ကစားဖေါ်ကစားဖက်တွေကနေ ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်လာ ကြတယ်။ ကျောင်းနေ အရွယ်လွန်မြောက်လို့ အလုပ်ခွင်တွေကို ဝင်ရောက်ကြပြန်တော့လည်း လုပ်ငန်းသဘာဝအရ ပေါင်းသင်းဆက်ဆံ ကြရတယ်။ တစ်ချို့က လူပေါင်းဆန့်တယ်လို့ချီးကျူးရလောက်တဲ့အထိ အပေါင်းအသင်းတွေများသလို တစ်ချို့ကျပြန်တော့ လူတွေနဲ့ များများစားစားမပေါင်းသင်းတတ်ဘဲ ခပ်အေးအေးပဲနေတတ်ကြပြန်ပါတယ်။

အသက်အရွယ်တွေ၊ လုပ်ငန်း သဘာဝတွေအရ လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွေကျယ်ဝန်းလာတာနဲ့အမျှ သင့်မှာ အပေါင်းအသင်း တွေ ကလည်းများလာမှာမလွဲပါဘူး။ ဒီလိုများပြားလာတဲ့ အပေါင်းအသင်းတွေထဲမှာ မိတ်ဆွေကောင်း ဘယ်နှစ် ယောက် လောက်များပါပါသလဲ။ ဗုဒ္ဓကတော့ မိတ်ဆွေကောင်းရှိရင် ကိစ္စအားလုံးကို ပြီးစေတယ်လို့တောင် ဟောခဲ့ ပါတယ်။ မိတ်ဆွေကောင်းဆိုတာကို ဘယ်ပေတံနဲ့တိုင်းတာမလဲ။သင့်ရဲ့များပြားလှတဲ့ အပေါင်းအသင်းတွေထဲမှာ သင့်အပေါ် အောက် ဖေါ်ပြပါအပြုအမူ(၇)မျိုးနဲ့ဆက်ဆံတဲ့ အပေါင်းအသင်းမျိုးရှိခဲ့မယ်ဆိုရင် သူ့ကို သင့်ရဲ့ မိတ်ဆွေကောင်း လို့သာ မှတ်လိုက်ပါတော့။
(၁) သင့်ကို ပေးနိုင်ခက်တဲ့ ပစ္စည်းကို ပေးတဲ့သူ
(၂) သင့်အပေါ် ပြုနိုင်ခက်တဲ့ ဝတ္တရားကိုပြုတဲ့သူ
(၃) သင့်အပေါ် အလွန်အမင်းသည်းခံတဲ့သူ
(၄) သင့်ရဲ့လှို့ဝှက်အပ်တဲ့ကိစ္စကို လှို့ဝှက်တတ်သူ
(၅) သင့်ကို လှို့ဝှက်အပ်သောကိစ္စကို ပြောတတ်သူ
(၆) သင်ဘေးရန်ကြုံတဲ့အခါ စွန့်ပစ်မထားခဲ့သူ
(၇) သင်ဆင်းရဲသွားသော်လည်း မထီမဲ့မြင်မပြုသူ
ကဲ၊မိတ်ဆွေ၊ဒီအချက်တွေကို ကြည့်ရင် လောကမှာအပေါင်းအသင်းများသလောက်မိတ်ဆွေကောင်းရှားတယ်ဆိုတာ အမှန်ပဲဆိုတာ သင်လက်ခံရပါလိမ့်မယ်။ ဒါပေမယ့် မိတ်ဆွေကောင်း၊မိတ်ဆွေစစ်ဆိုတာ တကယ့်ကိုရှိတဲ့အရာပါ။ တစ်ခုပဲရှိပါတယ်။ အသိဉာဏ်ရှိတဲ့လူအချင်းချင်းဆက်ဆံကြတဲ့အတွက် သင့်ဖက်ကလည်း မိတ်ဆွေကောင်း ပီသ ဖို့တော့ ကြိုးစားရမှာပေါ့။ အပေါင်းအသင်းများစွာထဲက မိတ်ဆွေကောင်းကို ရွေးထုတ်နိုင်ကြပါစေ။ မိတ်ကောင်း ဆွေ ကောင်း တွေနဲ့ ပေါင်းသင်းရပြီး လောကီ၊တမလွန်သောအကျိုးစီးပွားတွေကို  တိုးပွားဆောင်ရွက်နိုင်ကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: