Home Knowledge သင်ဘယ်အရွယ်ရောက်ပြီလဲ..။

သင်ဘယ်အရွယ်ရောက်ပြီလဲ..။

0

လူဆိုတာ မွေးလာပြီးသေတတ်ကြတာဓမ္မတာပါ။ ရခဲတဲ့လူ့ဘဝမှာ သင်ဘာတွေထားခဲ့နိုင်မလဲဆိုတာ သင့်ရဲ့ သမိုင်း ပါပဲ။ကောင်းမွေလား၊ဆိုးမွေလား။သင်တစ်ခုခုဖြစ်အောင်ကြိုးစားနိုင်ဖို့ လူတွေရဲ့ သက်တမ်းအလိုက်စွမ်း ဆောင်ချက် တွေ ကို သိထားဖို့ လိုပါတယ်။ သင်ဘယ်အရွယ်ရှိပြီလဲ။ သင့်ရဲ့အရွယ်အလိုက် စွမ်းဆောင်နိုင်စွမ်း တွေကကော ဘာတွေရှိ သလဲဆိုတာ သိထားခြင်းဟာ သင့်ဘဝအတွက် အတိုင်းအတာတစ်ခုထိ အရေးပါတာကြောင့် လူတို့ရဲ့ အရွယ်(၁၀)ပါးကို တင္ျပပေးလိုက်ပါတယ်။

(၁) ၁၀နှစ်အတွင်း- ပညာနုံ့နှေးသောအရွယ်ဖြစ်ပါတယ်။
(၂) ၂၀ အတွင်းကတော့ စိတ်ပျံ့လွင့်တတ်တဲ့အရွယ်ဖြစ်ပါတယ်။
(၃) ၃၀ အတွင်းကတော့ အဆင်းကျက်သရေနဲ့ပြည့်စုံတဲ့ အရွယ်ပါ။
(၄) ၄၀ အတွင်းကတော့ အားအင်ဗလကောင်းမွန်တဲ့ အရွယ်ဖြစ်ပါတယ်။
(၅) ၅၀ အတွင်းကတော့ ပညာဉာဏ်ကောင်းသောအရွယ်ပဲဖြစ်ပါတယ်။
(၆) ၆၀ အတွင်းအရွယ်ကတော့ အားအင်တွေဆုတ်ယုတ်လာတဲ့ အရွယ်ရောက်ပါပြီ။
(၇) ၇၀ အတွင်းကတော့ လေးလံထိုင်းမှိုင်းတဲ့အရွယ်ဖြစ်ပါတယ်။
(၈) ၈၀ အတွင်းကတော့ ကိုယ်ခန္ဓာကိုင်းညွတ်တဲ့အရွယ်ပါ။
(၉) ၉၀ အတွင်းကတော့ တွေဝေမေ့မောတဲ့အရွယ်ဖြစ်လာပါပြီ။
(၁၀) နောက်ဆုံး အသက် ၁၀၀ အတွင်း အရွယ်ကတော့ အိပ်ရာပေါ်မှာမထသောအိပ်ခြင်းနဲ့အိပ်နေတတ်တဲ့အရွယ်ကို ရောက်ပါပြီ။
ကဲ၊မိတ်ဆွေ၊သင်ဘယ်အရွယ်ရှိပြီလဲလို့ထပ်မေးပါရစေ။အချိန်တွေတစ်နေ့ပြီးတစ်နေ့ တိုက်စားကုန်ဆုံးနေတာကို သင် သတိရပါ။ မြန်မာတွေရဲ့ ပျမ်းမျှသက်တမ်းဟာ ၆၅နှစ်ပဲရှိတယ်ဆိုတာကိုလည်း သတိရစေ ချင်ပါတယ်။ အရွယ် မလွန် ခင် လောကအတွက်၊ကိုယ့်အတွက်ကြိုးစားလိုက်ပါဦးလို့ အကြံပြုပါရစေ။

ကိုးကား။ဇာတကပါဠိတော်

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: