Home Entertainment Death Note: Light Up The New World (2016)

Death Note: Light Up The New World (2016)

0
Death Note: Light Up The New World (2016)
ရုပ်ရှင်အမျိုးအစား : Manga, Mystery, Psychological, Supernatural
ဘာသာစကား       : ဂျပန်
ထွက်ရှိသည့်နေ့     : ၂၉၊၁၀၊၂၀၁၆

၂၀၀၆ခုနှစ် ဇွန်လ ၁၇ရက်က ထွက်ရှိခဲ့တဲ့ Death Note Filmကို လူတော်တော်များများက ရင်းနှီးပြီးသားဖြစ်လိမ့်မယ်လို့ထင်ပါတယ်။အဲ့ဒီ၂၀၀၆ခုနှစ်အတွင်းမှာပဲ Death Note:The Last Name ကိုလည်းဆက်လက်ရိုက်ကူးခဲ့ပါသေးတယ်။အယ်လ်နဲ့ကီရာတို့ရဲ့ရှုပ်ထွေးမှုကြီးဟာ Death Note:The Last Nameမှာ အဆုံးသတ်သွားခဲ့ပါတယ်။ ထို့နောက်မှာတော့ 2008ခုနှစ်မှာ Death Noteနဲ့မသက်ဆိုင်တော့တဲ့ Change The World Filmလေးကိုထွက်ရှိခဲ့ပါတယ်။အယ်လ်ရဲ့စွန့်စားမှုတွေကပ်ရောဂါအရှုပ်တော်ပုံတွေကိုမြင်တွေ့ခဲ့ရမှာပါ။အယ်လ်ဟာ 2008ခုနှစ် Filmမှာ သူ့နာမည်ကို သေမင်းစာအုပ်မှာရေးသွင်းခဲ့တာကြောင့်အခုဇာတ်လမ်းမှာတော့ မပါဝင်တော့ပါဘူး။  Death Noteနဲ့သက်ဆိုင်တဲ့ Filmအသစ်လေးကတော့ ၂၉ရက် အောက်တိုဘာ ၂၀၁၆ခုနှစ် ကထွက်ရှိခဲ့ပါပြီ။

ကီရာနှင့်အယ်လ်တို့၏ ရန်စများပြီးဆုံးပြီးကာလနောက်ပိုင်းဆယ်နှစ်ကြာပြီးသောအခါ ရှီမီဂါမီသေမင်းဟာ ကမ္ဘာ့ရှုပ်ထွေးမှုကြီးထပ်ဖြစ်လာအောင် သေမင်းစာအုပ်များ(Death Notes)ကိုကမ္ဘာမြေသို့တစ်ဖန်ပို့ပေးလိုက်ပြန်ပါပြီ။ ဆုကူယုနဲ့လွန်ခဲ့တဲ့ဆယ်နှစ်ကကီရာအကြောင်းတွေနဲ့ပတ်သက်လို့အတွေ့အကြုံရှိသူမက်ဆူဒါးအပါအဝင် အခြားသောထောက်လှမ်းရေးသမား၆ဦးတို့ဟာသေမင်းစာအုပ်အတွက်လေ့လာဖြေရှင်းရေးအဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ သေမင်းစာအုပ်ကြောင့်ဖြစ်တဲ့လူသတ်မှုတွေဟာ U.Sက Wall Streetနဲ့ ဂျပန်နိုင်ငံက ရှီဘူယာမြို့တွေသာမက အခြားသောနေရာတွေမှာလည်းစတင်ဖြစ်ပွားလာပါတော့တယ်။ အယ်လ်ရဲ့ ရာထူးကို ဆက်ခံထားတဲ့ နာမည်ကြီးစုံစမ်းရေးသမားကြီး ရူဇာကီ ဟာလူသတ်မှုတွေအကြောင်းကို စုံစမ်းကြည့်ရာမှ သေမင်းစာအုပ်ခြောက်အုပ်ရှိနေတယ် ဆိုတာ သိရှိခဲ့ရတယ်။

ကီရာလို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်တစ်မျိုးဟာ ကမ္ဘာအနှံ့ကိုကူးစက်လာကာ အဲ့ဒီဗိုင်းရပ်စ်ရဲ့ သတိပေးချက်ကတော့ သေမင်းစာအုပ်ခြောက်အုပ်ပြန်လာပြီလို့ဆိုပါတယ်… ကဲ…သူငယ်ချင်းတို့လည်း ကီရာပြန်လည်ရှင်သန်လာခြင်းနဲ့ ကီရာကိုဘယ်လိုတားဆီးမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ Masahiro Higashide Sosuke Ikematsu Masaki Suda Mina Fujii Rina Kawaei Sota Aoyama Nakamura Shido Erika Toda Eiichiro Funakoshiတို့ကသရုပ်ဆောင်ထားပြီး ရုပ်ရှင်ရုံပေါင်း ၃၄၂ခုတို့မှာပြသခဲ့ရာ လက်မှတ်ပေါင်း ၃၄၂ ၃၀၉ ရောင်းရခဲ့ပြီးလောလောဆယ်မှာတော့ ၄၅၈ ၆၄၅ ၈၀၀ ယွမ်(US$4.37မီလီယံ) ရရှိထားတယ်လို့သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: