Home Knowledge မြန်မာနိုင်ငံ ဘင်ဂါလီအရေးနဲ့ပတ်သက်ပြီး ဘက်မလိုက်တဲ့ နိုင်ငံရေးသုတေသနပညာရှင် Sumantra Maitra

မြန်မာနိုင်ငံ ဘင်ဂါလီအရေးနဲ့ပတ်သက်ပြီး ဘက်မလိုက်တဲ့ နိုင်ငံရေးသုတေသနပညာရှင် Sumantra Maitra

0
မြန်မာနိုင်ငံ ဘင်ဂါလီအရေးနဲ့ပတ်သက်ပြီး ဘက်မလိုက်တဲ့ နိုင်ငံရေးသုတေသနပညာရှင် Sumantra Maitra

မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းမှာ ရှေးပဝေသနီကတည်းကပင် သမိုင်းအစဉ်အလာကြီးမားစွာနဲ့ အခိုင်အမာ ရပ်တည် လာခဲ့တဲ့ ရခိုင်ဒေသမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးသစ်တစ်မျိုး ပေါ်ပေါက်လာဖို့အတွက် UN အပါအဝင် အစ္စလန်မစ် နိုင်ငံ များအဖွဲ့တို့ အစွမ်းကုန်ပူးပေါင်းကြိုးစားပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးနေတာ ကြာခဲ့ပါပြီ။ ထို့အတူ မြန်မာ့မြေပေါ်မှာ ရိုဟင်ဂျာမရှိပါဘူးလို့ အကြိမ်ကြိမ်ပြောထားတဲ့ကြားက ကမ္ဘာပါ်က အင်အားကြီးမားတဲ့ မီဒီယာ စာမျက်နှာတွေ ပေါ်မှာ ရိုဟင်ဂျာ ဆိုတဲ့စကားလုံးတွေကို တွင်တွင်သုံးပြီး ရေးသားနေကြတာကို တွေ့ရပါတယ်။
ဒါတင်မကပါဘူး။ဘက်လိုက်တဲ့ သတင်းမီဒီယာအများစုဟာ ရခိုင်ဒေသရဲ့ သမိုင်းဖြစ်ရပ်မှန်တွေကို သေချာစွာ မလေ့ လာဘဲ တစ်ဖက်သတ်အမြင်တွေနဲ့ ဘက်လိုက်ရေးသားမှုတွေကြောင့် ဗုဒ္ဒဘာသာ ရခိုင်လူမျိုးတွေနဲ့ နိုင်ငံရဲ့ ပုံရိပ်ကို လည်း ညှိုးနွမ်းအောင်လုပ်ဆောင်ခဲ့ကြပါတယ်။ တစ်ချို့ မီဒီယာတွေဆိုရင် ရခိုင်မြောက် ပိုင်းဒေသမှာ ရခိုင် အပါအဝင် အခြားဋ္ဌာနေတိုင်းရင်းသားတွေဟာ လူနည်းစုဆိုတာတောင် မသိကြပါဘူး။ သိသာတဲ့ဘက်လိုက်မှုက အဲ့ဒီ ဒေသမှာ လူနည်းစု ဟိန္ဒူတွေအပါအဝင် တိုင်းရင်းသားတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေ အသတ်ခံရတာကို နိုင်ငံတကာက မသိ ကျိုးကျွန်ပြုခဲ့ကြပါတယ်။
ဒီလို ရိုဟင်ဂျာအသားပေး အင်အားကြီး သတင်းမီဒီယာ အများစုကြားမှာ အမေရိကန်က The Federalist ဆိုတဲ့ online media နဲ့ အဲ့ဒီမီဒီယာပေါ်က ဆောင်းပါးတစ်ပုဒ်ကတော့ ထူးထူးခြားခြား ရှိလှပါတယ်။The Federalist မီဒီယာဆိုတာ ၂၀၁၃ခုနှစ် စက်တင်ဘာ လ(၁)ရက်နေ့မှာ စတင်ခဲ့တဲ့ မီဒီယာပါ။ ဆောင်းပါးရဲ့နာမည်က Why The West Should Do Nothing About The Rohingya In Myanmar ဖြစ်ပြီး ရေးသားသူက Sumantra Maitra ဖြစ်ပါတယ်။ ရခိုင်ဒေသမြောက်ပိုင်းမှာ ဘင်ဂါလီပြသနာတွေ ဖြစ်ပေါ်နေတဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ( ၁၃) ရက်နေ့မှာ ဒီဆောင်းပါးကို ဖေါ်ပြခဲ့ပါတယ်။ စာရေးသူဟာ နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ ယူကေနိုင်ငံ Nottingham တက္ကသိုလ်က ပါရဂူဘွဲ့အတွက် သုတေသနလုပ်နေတဲ့ ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ သုတေ သနတွေဟာ စွမ်းအားရှိပြီး ဘက်လိုက်မှုလည်း ကင်းပါတယ်။ The National Interest and Quillette Magazine မှာလည်း ဆောင်းပါးတွေ ပုံမှန်ရေးပါတယ်။ သူ့ကို [email protected] အကောင့်နဲ့ တွစ်တာ ပေါ်မှာ လည်း တွေ့နိုင်ပါတယ်။သူ့အကြောင်းရေးပြစရာတွေများတဲ့အတွက် ဒီပို့စ်မှာဖေါ်ပြတော့ပါဘူး။ သူရေးသားခဲ့တဲ့ “မြန်မာပြည်မှ ရိုဟင်ဂျာ အရေးနဲ့ ပတ်သတ်ပြီး အနောက် နိုင်ငံတွေ ဘာမှမလုပ်သင့်ကြောင်း” ဆောင်းပါးကို အမေရိကန်နိုင်ငံ အခြေစိုက် ဗွီအိုအေ သတင်းဋ္ဌာန ကလည်း ထုတ်လွှင့် ခဲ့တာတွေ့ရပါတယ်။ ဗွီအိုအေရဲ့ ထုတ်လွှင့်မှုကို မြန်မာဖေ့စ်ဘုတ်သုံးသူတွေကြားမှာ မျှတတဲ့ ထုတ်လွှင့် မှုတစ်ခု လို့ မှတ်ချက်ပြုပြီး မျှဝေနေကြတာကိုလည်း တွေ့ရပါတယ်။

Source: The Federalist & VOA

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: