Home News ထရန့်-ကင်ဂျုံအမ် ထိပ်သီးဆွေးနွေးပွဲ ဇွန်လ ၁၂ရက်နေ့ စင်္ကာပူတွင် ပြုလုပ်မည်

ထရန့်-ကင်ဂျုံအမ် ထိပ်သီးဆွေးနွေးပွဲ ဇွန်လ ၁၂ရက်နေ့ စင်္ကာပူတွင် ပြုလုပ်မည်

0
ထရန့်-ကင်ဂျုံအမ် ထိပ်သီးဆွေးနွေးပွဲ ဇွန်လ ၁၂ရက်နေ့ စင်္ကာပူတွင် ပြုလုပ်မည်

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ကင်ဂျုံအမ်နဲ့တွေ့ဆုံမယ့် ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ(၁၂)ရက်နေ့၊စင်္ကာပူမှာ ပြုလုပ်မယ်လို့ ပြောလိုက်ကြောင်း ဘီဘီစီ သတင်းအရ သိရပါတယ်။ ဒီကြေငြာချက်ကို မြောက်ကိုရီးယားက လွှတ် ပေးလိုက်တဲ့ အမေရိကန်နိုင်ငံသား(၃)ဦးကို ကြိုဆိုအပြီးနာရီပိုင်းအကြာမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှု ဟာအမေရိကန်သမ္မတတစ်ဦးအနေနဲ့ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်ပါတယ်။
ထရန့်က ကျွှန်တော်တို့မှာ အင်မတန်အဓိပ္ပါယ်ရှိတဲ့ အရာတစ်ခုကိုလုပ်ဖို့ အခါအခွင့်ကောင်းရှိတယ်လို့ တကယ်ကို ထင်မြင်ပါတယ်လို့ ပြောခဲ့ပါတယ်။
စင်္ကာပူကိုရွေးချယ်ရတဲ့ အကြောင်းကတော့ စင်္ကာပူဟာ အင်မတန်ကြွယ်ဝတဲ့ ကျွန်းနိုင်ငံဖြစ်ပြီး ယခင်ကလည်း ယခုလို အဆင့်မြင့်သံခင်းတမန်ခင်းတွေ့ဆုံမှုတွေကို ကျင်းပခဲ့ဖူးတဲ့ နေရာဖြစ်နေပါတယ်။ ဒါ့အပြင် စင်္ကာပူဟာ အမေရိကန်နဲ့ ရော မြောက်ကိုရီးယားနဲ့ပါ သံတမန်ဆက်ဆံရေး ကောင်းမွန်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ကြေငြာချက်မထုတ်ခင်အထိ ထိပ်သီးတွေ့ဆုံမယ့်နေရာတွေအဖြစ် မွန်ဂိုလီးယားနဲ့ တောင်ကိုရီးယားက စစ်မဲ့ဇုံနေရာတို့ကို ထင်ကြေးပေးခဲ့ကြပါ သေး တယ်။

ထိပ်သီးတွေ့ဆုံမှု အတွက် အကြိုညှိနှိုင်းဖို့ အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး Mr.Mike Pompeo ပြုံယမ်းသို့ သွားရောက်ပြီး မစ္စတာ ကင်နဲ့တိုက်ရိုက်တွေ့ဆုံခဲ့ပါတယ်။ ထိုသို့တွေ့ဆုံစဉ် ထိပ်သီးတွေ့ဆုံမှုအတွက် စင်္ကာပူကို သဘောတူမှုရခဲ့သလို ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား(၃)ဦးကိုလည်း ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။ မြောက် ကိုရီးယားနိုင်ငံပိုင်ရုပ်သံကလည်း Mr. Pompeo ရောက်ရှိပြီး ကင်နဲ့တွေ့ဆုံခဲ့ပုံတွေကို ထုတ်လွှင့်ပြသခဲ့ပါ  တယ်။
ကိုးကား။BBC

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: