Home News ထိပ်သီးအတွက် အကြိုညှိုနှိုင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ပြုံယမ်းကို ရောက်ပြီ

ထိပ်သီးအတွက် အကြိုညှိုနှိုင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ပြုံယမ်းကို ရောက်ပြီ

0
ထိပ်သီးအတွက် အကြိုညှိုနှိုင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ပြုံယမ်းကို ရောက်ပြီ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Ppmpeo ဟာ သမ္မတဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျူံအမ်တို့နှစ်ဦး ထိပ်သီးတွေ့ဆုံမှုအတွက် ကြိုတင်ညှိနှိုင်းမှုတွေလုပ်ဖို့ ပြုံယမ်းကို ရောက်လာပြီဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်အရသိရပါတယ်။ Mr. Pompeo က ကိုရီးယားကျွန်းဆွယ် နယူးကလီးယားဖျက်သိမ်းရေးအတွက် စကားပြောဆိုကြဖို့ကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံးအစီအစဉ်ဖြစ်ဖို့ သူမျှော်လင့်တယ်လို့ပြောခဲ့ပါတယ်။ Mr. Pompeo ဟာ မြောက်ကိုရီးယားမှာ ဖမ်းဆီးထားတဲ့ ဖမ်းဆီးခံ အမေရိကန်သုံးဦး လွတ်မြောက်နိုင်ခြေရှိတယ်လို့ ထင်မြင်ချက်တွေမြင့်တက်လာနေစဉ်မှာပဲ မမျှော်လင့်ပဲ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီခရီးစဉ်ဟာ ကုန်ခဲ့တဲလက မစ္စတာ ကင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ပြုံယမ်းကို ဒုတိယမြောက် ခရီးစဉ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဧပြီလက သူ့တွေ့ဆုံမှုဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း အမေရိကန်နဲ့ ပြုံယမ်းတို့အကြား အမြင့်ဆုံးအဆင့် တွေ့ဆုံမှုအဖြစ် သတ်မှတ်ခဲ့ပြီး ဒီတွေ့ဆုံမှုက ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပုံဖေါ်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ယခူနောက်ဆုံးအကြိမ်တွေ့ဆုံမှု မတိုင်ခင်မှာတော့ Mr.Pompeo က မြောက်ကိုရီးယားအနေနဲ့ မှန်တာတွေကို လုပ်နိုင်ပြီး ၁၇ လကြာ ဖမ်းဆီးထိမ်းသိမ်းထားတဲ့ အမေရိကန် သုံးဦးကိုလည်း လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတရုံး တာဝန်ရှိသူတွေက ပြုံယမ်းဟာ သမ္မတနှစ်ဦး ထိပ်သီးမတွေ့ဆုံခင် စိတ်ကောင်းကို ပြသတဲ့အနေနဲ့ အမေရိကန်နိုင်ငံသားသုံးဦးကို လွှတ်ပေးဖို့မျှော်လင့်ကြောင်း Yonhap သတင်းအေဂျင်စီကို ပြောခဲ့ တယ် လို့ သိရပါတယ်။
Mr. Pompeo နဲ့ လိုက်ပါလာတဲ့ အမေရိကန် နိုင်ငံခြားရေးဋ္ဌာန တာဝန်ရှိသူတွေက မြောက်ကိုရီးယားနိုင်ငံရဲ့ နယူကလီးယား ရည်မှန်းချက်နဲ့အတူ မြောက်ကိုရီးယားက စဉ်ဆက်မပြတ်ပြောင်းလဲနေတဲ့ အရာတွေကို နားစွင့်နေတယ် လို့ဆိုပါတယ်။ သမ္မတထရန့်ကလည်း သမ္မတအိုဘားမားလက်ထက်က အီရန်နဲ့ ချုပ်ဆိုခဲ့တဲ့ နယူကလီးယားစာချုပ်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ကြေငြာစဉ်မှာပဲ Mr.Pompeo ရဲ့ နောက်ဆုံးဒီခရီးစဉ်ကို ပြသခဲ့ပါတယ်။

ကျွန်တော်တို့က မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို တည်ဆောက်နေတယ်လို့ ထင်တယ်။ တွေ့ဆုံဖို့လည်း အတည် ဖြစ်ပြီ။နေရာလည်းရွေးပြီးပြီ။ အချိန်နဲ့ နေ့ရက်ကလည်းအားလုံးအဆင်သင့်ပဲ။ ဘယ်လို အလုပ်ဖြစ်တယ်ဆိုတာ တွေ့ကြ ရမှာပါ။ မဖြစ်နိုင်စရာနည်းပါတယ်။ဒါဟာ မြောက်ကိုရီးယား၊တောင်ကိုရီးယားနဲ့ တစ်ကမ္ဘာလုံးအတွက် တကယ့် ကိုကြီး ကျယ်တဲ့ ကိစ္စဖြစ်ပါတယ်လို့ ထရန့်ကပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဧပြီလက မြောက်ကိုရီးယား ခေါင်း ဆောင်ကင်နဲ့ တိုက် ရိုက်စကားပြောဖို့ လက်ခံလိုက်ခြင်းဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို အထူးအံ့သြသင့်စေ ခဲ့ပါတယ်။ ခုခါမှာတော့ ဇွန် လအစောပိုင်း၊ဒါမှမဟုတ် ဒီထက်အစောပိုင်းမှာ ခေါင်းဆောင်နှစ်ဦး တကယ်တွေ့ဆုံဖို့ အခြေအနေတစ်ခုကို ရောက် လာခဲ့ပါပြီ။
မစ္စတာ ကင်ဟာ တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖင်နဲ့ ခြောက်ပတ်အတွင်းမှာ ဒုတိအကြိမ်အဖြစ် တွေ့ဆုံခဲ့တာကိုလည်း ထရန့်က အင်္ဂါနေ့မှာ မျတ်ချက်ပြုခဲ့ပါသေးတယ်။ တရုတ်မီဒီယာတွေက ကိုရီးယားကျွန်းဆွယ် အမှန်တကယ် နယူး ကလီးယားကင်းစင်ဖို့အတွက် အဆင့်ဆင့်တိုးတက်ပြောင်းလဲပြီး အချိန်ကိုက်လုပ်ဆောင်ရမယ့် အတိုင်းအတာ တစ်ခုလို့ မစ္စတာကင်က မျှော်လင်တယ်လို့ ပြောကြောင်း ကိုးကား ဖေါ်ပြခဲ့ကြပါတယ်။
ကိုးကား။ BBC

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: