Home News ရုရှား နိုင်ငံတစ်ဝန်း သမ္မတပူတင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ထောင်ချီအဖမ်းခံရ

ရုရှား နိုင်ငံတစ်ဝန်း သမ္မတပူတင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ထောင်ချီအဖမ်းခံရ

0
ရုရှား နိုင်ငံတစ်ဝန်း သမ္မတပူတင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ထောင်ချီအဖမ်းခံရ

အသက် ၆၅နှစ် ရှိပြီဖြစ်တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ လာမယ့် တင်္နလာနေ့မှာ သူ့ရဲ့ စတုတ္ထမြောက် သမ္မတသက်တမ်းကို ဆက်ခံတော့မှာဖြစ်ပါတယ်။ ရုရှားနိုင်ငံတစ်ဝန်းက မြို့ပေါင်း၉၀ အပါအဝင် မြို့ကြီးတွေမှာတော့ ဒါကိုဆန့်ကျင်တဲ့ စီတန်းလှည့်လည်မှုတွေပြုလုပ်ခဲ့ကြရာမှာ ရုရှားအာဏာပိုင်တွေက တရားမဝင်စီတန်း လှည့်လည် မှုနဲ့ လူပေါင်း၁၀၀၀ ကျော်အထိ ဖမ်းဆီးခဲ့တယ်လို့ Sky News သတင်းအရ သိရပါတယ်။
ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကိုတော့ ရဲတွေက မော်စကိုမြို့ Puskin လမ်းဆုံလူအုပ်ထဲကနေ လက်နဲ့ခြေတွေကိုမပြီး ဆွဲခေါ်သွားတယ်လို့ သိရပါတယ်။ “ပူတင်သူခိုး။ရုရှားလွတ်လပ်ရမယ်” လို့ ကြွေးကြော်နေတဲ့ လူအုပ်ကြီးကို လူစုခွဲဖို့ အတွက် အာဏာပိုင်တွေက တုတ်တွေကို သုံးခဲ့တယ်လို့ဆိုပါတယ်။ လူ ၁၀၀၀ လောက်က မြို့ကို လှည့်ကာ ဆန္ဒထုတ်ဖေါ်ကြမှာဖြစ်တဲ့အတွက် ရုရှားရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ စိန့်ပီတာဘတ်မြို့ရဲ့ထင်ရှားတဲ့ Nevsky Prospekt ရိပ်သာကို ရဲတွေက ပိတ်ထားလိုက်ပါတယ်။
ရုရှားပြည်ထဲရေးဝန်ကြီးဋ္ဌာနက လူ၁၂၀၀ လောက်မှာ တစ်ဝက်လောက်ပဲဖမ်းဆီးခဲ့တယ်လို့ ပြောပေမယ့် ဆန္ဒပြသူ တွေကို စောင့်ကြည့်တဲ့ OVD-Info အဖွဲ့ရဲ့သတင်းအရ မြို့ကြီး ၂၀မှာ လူပေါင်း ၁၆၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။
ပူတင်ကို ဝေဖန်သူတွေကတော့ ပူတင်ဟာ ဒီမိုကရက်တစ် ခေါင်းဆောင်တစ်ယောက်ဆိုတာထက် ဇာ (tsar) ဘုရင်တစ်ပါးသာဖြစ်တယ်လို့ဆိုပါတယ်။ စီတန်းလှည်လည်ကြဖို့ စည်းရုံးလှုံ့ဆော်မှုကြောင့် အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် Mr.Navalny က ပူတင်ဟာ ဇာမဟုတ်ဘူးလို့ယူဆရင် သင်တို့မြို့ရဲ့ လမ်းတွေမှာ ခိုဝင်နေကြ ဆိုတဲ့ စာတန်းကို ရှေ့မှာကိုင်ပြီး ဦးဆောင်ခဲ့ပါတယ်။ “လူလိမ်တွေနဲ့ သူခိုးတွေပေါင်းစုထားတဲ့ အာဏာပိုင်တွေကို ပူတင်အတွက် မဲမပေးတဲ့ပြည်သူ သန်းပေါင်းများစွာရှိတယ်ဆိုတာ အသိအမှတ်ပြုအောင် ကျွန်တော်တို့ တွန်းအား ပေးမယ်” လို့ဆိုပါတယ်။ မစ္စတာ Navalny က စိန့်ပီတာဘတ်နဲ့ မော်စကို အပါအဝင် မြို့ပေါင်း ၉၀ မှာ ဆန္ဒပြကြဖို့ တောင်းဆိုထားပါတယ်။Navalny ကိုထောက်ခံသူတွေရဲ့ Twitter အကောင့်ထဲမှာတော့ ရုရှားအလံနဲ့ ပူဖေါင်းအနီ တွေကို ဝှေ့ယမ်းကိုင်ဆောင်ထားတဲ့ လူတန်းပုံတွေကို တင်ပြီး ထောက်ခံခဲ့ကြပါတယ်။
အာဏာပိုင်တွေကတော့ ဒီကန့်ဆန္ဒပြမှုအတွက် အချိန်နဲ့နေရာကို ကြိုတင်ညှိုနှိုင်းမှုမရှိတဲ့အတွက် ဒါဟာ တရားမဝင်ဘူးလို့ ဆိုပါတယ်။ မြို့တော်ဆန္ဒပြသူလူအုပ်ကြီးထဲက တက်ကြွလှုပ်ရှားသူ Khabarovsk က “ပူတင်နန်းတက်တာ ၁၈ နှစ်ရှိပြီ။ဒါပြီးရင်သူ့ကို အဆုံးသတ်ချင်တယ်။ ထပ်ပြီးနန်းမတင်ချင်တော့ဘူး’’ လို့ ပြောခဲ့ပါ တယ်။ နှစ်ပေါင်း ၃၀ နီးပါးအုပ်ချုပ်သွားခဲ့တဲ့ စတာလင် ပြီးရင်တော့ ပူတင်ဟာ သက်တမ်းအရှည်ဆုံး အာဏာရသူ ဖြစ်ပါတယ်။ ပူတင်ကတော့ အာဏာရပါတီနဲ့ နိုင်ငံပိုင် ရုပ်သံကို ကြောထောက်နောက်ခံပြုပြီး သူ့ကို ထောက်ခံသူ ၈၀% နီးပါးရှိတယ်ဆိုတာ အများသိအောင်ကြော်ငြာနေတယ်လို့ သိရပါတယ်။

Ref: Sky News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: