Home Lifestyle ကြောက်စရာကောင်းတဲ့ လိင်စွဲလမ်းမှု

ကြောက်စရာကောင်းတဲ့ လိင်စွဲလမ်းမှု

0
ကြောက်စရာကောင်းတဲ့ လိင်စွဲလမ်းမှု

ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ မြန်မာစကားဟာ အင်မတန်မှန်ပါတယ်။ အိမ်ထောင်ဃရာဝါသအမှု ပြုကြ ရတဲ့ ပုထုစဉ်လူမှုဘောင်မှာ ကျားနဲ့မတို့ရဲ့ လိင်ဆက်ဆံမှုဟာ သဘာဝဓမ္မတာတစ်ခု ဆိုတာ လူတိုင်းနားလည် ကြပါ တယ်။ ဒါပေမဲ့ လိင်မှုကိစ္စဟာ လိုတာထက်လွန်ကဲလာတဲ့အခါ လူ့အသိုင်းအဝိုင်းမှာ လူမှုဆက်ဆံရေး တွေ ပျက် ယွင်းလာပြီး ဘဝအခြေအနေတွေထိပါ ပြောင်းလဲသွားစေခဲ့တယ်ဆိုတာကို သက်သေပြခဲ့သူ တစ်ဦးရှိပါတယ်။ သူမက တော့ အင်္ဂလန် North Yorkshire မှာ မွေးပြီး လက်ရှိပြင်သစ်မှာ နေထိုင်တဲ့ Rebecca Barker ဆိုတဲ့ အမျိုး သမီးဖြစ်ပါတယ်။အသက်၃၇နှစ်ရှိပါပြီ။
သူမဟာ လိင်မှုကိစ္စကို အစွဲလမ်းဆုံးအချိန်မှာ သူမကြင်ဖေါ်နဲ့ တစ်နေ့ ငါးကြိမ်ဆက်ဆံတာတောင် မလုံလောက် ဘူးလို့ဆိုပါတယ်။ တတိယခလေးမွေးတဲ့အချိန်မှာ သူမဟာ စိတ်ကျရောဂါကို၂ နှစ်လောက် ခံစားခဲ့ရ ပါတယ်။ ဒီနောက်မှာ လိင်စိတ်ဆန္ဒတွေ ပိုပိုလာတယ်လို့ ဆိုပါတယ်။ ဗြိတိန် အမျိုးသား ကျန်းမာ ရေး ဝန်ဆောင်မှု ဌာန NHS ကတော့ လိင်စွဲလန်းမှုနဲ့ပတ်သက်ပြီး လက်ခံအသိအမှတ်ပြုတာမရှိပါဘူး။ သူမအနေနဲ့ ကတော့ ဒီစွဲလန်းမှုကို အရက်နဲ့ မူယစ်ဆေး အလွန်အကျွှံစွဲလန်းနေတာမျိုးလို သတ်မှတ်ပြီး ဝန်ဆောင်မှု တွေပေးစေချင်တယ်။ လိင်စိတ်စွဲလမ်းမှုဟာ လိင်ပိုင်းဆိုင်ရာ မိုဗွီတွေကိုစွဲလန်းတာနဲ့ဆင်တူပြီး NHS အနေနဲ့လည်း ဝန်ဆောင်မှု တွေပေး နိုင်အောင်လုပ်ဖို့ လိုတယ်လို့ စိတ်ကုထုံးနဲ့ကုသပေးသူ Paula Hall က ဆိုပါတယ်။ WHO အနေနဲ့လည်း ဒီလို လိင်ပိုင်းဆိုင်ရာစိတ်စွဲလမ်းမှုကို ရုတ်တရက်ဖြစ်တတ်တဲ့ စိတ်ကစဉ်းကလျားရောဂါအဖြစ် အမြန်ဆုံးလက်ခံသင့်တယ်လို့ သူမကဆိုပါတယ်။

Ref:BBC

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: