Home Knowledge ဆရာ စံ-ဇာဏီဘိုပြောတဲ့ သွေးနဲ့ လူ
ဆရာ စံ-ဇာဏီဘိုပြောတဲ့ သွေးနဲ့ လူ
0
ဆရာ စံ-ဇာဏီဘိုပြောတဲ့ သွေးနဲ့ လူ
ကျွန်တော့်အယူအဆ၊လူတစ်ယောက် ပြည့်စုံကောင်းမွန်တယ်ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် ဆန္ဒ၊ရည်မှန်းချက်ချင်း မတူကြပါဘူး။ သိပ္ပံနည်းကျပြောရင် လူမှာ  ခန္ဓာကိုယ်ရဲ့ တောင့်တမှုအရ၊ လို လားမှုအရ၊ စိတ်အားဖြင့်သော်လည်းကောင်း၊ ရုပ်အားဖြင့်သော်လည်းကောင်း ရအောင်စုစည်းကြ၊ ယူကြ တာကို ဘယ်အရာက  ဦးဆောင်သလဲဆိုရင် လွန်ခဲ့တဲ့  BC ၃၈၄ နဲ့ ၃၂၂ ကြားထဲမှာ  လူသားအဖြစ် ရပ်တည်သွားတဲ့ ဂရိပညာရှင်ကြီး အရစ္စတိုတယ် ကတော့ “သွေး”လို့ ပြောခဲ့တယ်။
သွေးဟာရှင်သန်ခြင်း၊အောင်မြင်မှုကိုတွန်းပို့တဲ့ ခွန်အားဖြစ်တယ်ဆိုတာ Vital Spirit ဆိုတဲ့လူက ဆိုခဲ့တယ်။ ခနာကိုယ်ထဲမှာ သွေးက ဖိုးတူစစ် လီတာ( 4 to 6 Litre) ပဲ ရှိတယ်လို့ ဆိုတယ်။ ကျားမပေါ်မူတည်ပြီး မမှာ ၃.၅ လီတာ၊ကျားမှာ ၅ လီတာ ဆိုတော့ ရေသန့် ၄ ဘူးနဲ့ ၅ ဘူးကနေ ၆ ဘူး အထိပဲ ခန္ဓာကိုယ်ထဲမှာရှိတယ်။ အဲဒီသွေးမှာ အင်နာဂျီတစ်ခုရှိပြီးတော့ ဆန္ဒတွေဖြစ်တယ်။ဒီသွေးဟာ ခန္ဓာကိုယ်ထဲမှာလှည့်ပတ်သွားလာပြီး လိုရာကိုပြည့်စေတယ်ဆိုတဲ့ ယူအဆရှိရာကနေ   သွေးတွေအကြောင်းထပ်လေ့လာတဲ့အခါ…။
ဝီလျံဟာဗေး ( Willam Harvay) က ၁၈၂၆ မှာ သွေးအကြောင်း ဆေးသိပ္ပံနဲ့ ရေးသွားတယ်။ အဲဒီမှာတိတိကျကျမရှိသေးဘူး။၁၉၀၁ခုနှစ် ရောက်တဲ့အခါကျမှ သွေးအုပ်စု လေးစု ခွဲခြားသိရှိခဲ့တယ်။ သြစထရီယန်း ( Austrian) လူမျိုး ဆေးပညာရှင် Karl Landsteiner ( ၁၈၆၈-၁၉၄၃) ကားလ် လဲန်စတိန်နာက စတင်ပြီး သွေးအုပ်စု ( Blood Group) ကို ခွဲခြားလိုက်ပါတယ်။
အိုသွေးအုပ်စု
အို သွေးအုပ်စုဝင်တွေဟာ ကျောက်ခေတ်ကနေစပြီး လူ့ခန္ဓာကိုယ်ထဲမှာစတယ်။ အိုသွေးအုပ်စုရဲ့ ပြည့်စုံကောင်းမွန်တဲ့ ရည်ရွယ်ချက်က သားလိုက်မုဆိုး တွေ ရှိသမျှကိုတိုက်ခိုက် မယ်။အသားကိုစားမယ်၊ အသားရဖို့ပဲရှာဖွေမယ်၊အသားရရင်  အောင်ပွဲခံမယ်၊လှည့်လည်သွားလာမယ်၊တိုက်ပွဲဝင်မယ်။ အိုသွေးဟာ ဒီနေ့ကမ္ဘာမှာ ၄၄ ရာခိုင်နှုန်း ရှိတယ်။ ဒါကြောင့် အိုသွေးဟာ ဟန်ဒါ( Hunter)သားလိုက်မုဆိုးတွေ၊ အောင်မြင်အောင်လုပ်မယ်၊အောင်ပွဲယူပြီး ဘဝရပ်တည်မယ် ဆိုတဲ့အုပ်စု။လူချင်းတူပေမဲ့ သွေးချင်းမတူတာကို ပြောတာပါ။
အေ သွေးအုပ်စု
A သွေးအုပ်စု၊အိုသွေးပြီးမှ ကမ္ဘာပါ်မှာပေါ်လာတဲ့သွေး။ အဲဒီသွေးအုပ်စုရဲ့ရပ်တည်မှုက တစ်မျိုး။ သမိုင်းဦးခေတ်မှာ စိုက်ပျိုးရေးကို စတင်ခဲ့တဲ့သွေး၊ Farmers တွေ။တည်ဆောက်မယ်၊ မြို့ပြတည်ထောင်မယ်၊ စိုက်ပျိုးရေးတွေလုပ်တယ်၊ငြိမ်းချမ်းတယ်၊လက်မှုပညာတွေ တတ်မြောက်တယ်၊ ပျူငှာတယ်။ အဲဒီ A သွေးရှိတဲ့ လူတွေရဲ့ စိတ်လိုအပ်မှုက မိသားစုအဆင်ပြေရေး ၊ငြိမ်းချမ်းရေး၊ ပျူငှာစွာနေရေးအုပ်စု။ ၄၀ ရာခိုင်နှုန်းရှိတယ်။
ဘီ သွေးအုပ်စု
Bသွေးအုပ်စု၊ သူတို့သဘောက အောင်မြင်တဲ့လူ၊တည်ဆောက်တဲ့ လူတွေနဲ့နေပြီး စိုးမိုးမယ်၊ အုပ်ချုပ်မယ်၊ စီမံမယ်၊ခန့်ခွဲမယ်၊၁၁ ရာနှုန်းရှိတယ်။  INVADERS( လွှမ်းမိုးအုပ်ချုပ်သူများ)  လို့သတ်မှတ်ပါတယ်။
အေဘီ သွေးအုပ်စု
AB သွေးအုပ်စု။ ကမ္ဘာမှာ နောက်ဆုံးပေါ်တဲ့သွေး။ဒီသွေးအုပ်စုရဲ့လိုလားချက်က အရာရာကို အသစ်အဆန်းတီထွင်တယ် ၊ ဒါဟာ အေဘီသွေးအုပ်စုရဲ့လိုလားချက်ပဲ။
ကိုးကား။         ။ ပြည့်စုံကောင်းမွန်သောဘဝနှင့် စိတ်ကိုအသုံးချခြင်း စကားဝိုင်း  စာအုပ်ငယ်မှ ကူးယူဖေါ်ပြပါသည်။
အိုသွေးအုပ်စု
အေ သွေးအုပ်စု
ဘီ သွေးအုပ်စု
အေဘီ သွေးအုပ်စု
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: