Home Heart to Heart နှလုံးလှသူတို့ရဲ့ ကမ်းလက်ကို လှမ်းဆက်ကြိုနေတဲ့ တောင်ကုတ်မြို့က မဟော်သဓာ ပညာ့ဥယျာဉ်

နှလုံးလှသူတို့ရဲ့ ကမ်းလက်ကို လှမ်းဆက်ကြိုနေတဲ့ တောင်ကုတ်မြို့က မဟော်သဓာ ပညာ့ဥယျာဉ်

0
နှလုံးလှသူတို့ရဲ့ ကမ်းလက်ကို လှမ်းဆက်ကြိုနေတဲ့ တောင်ကုတ်မြို့က မဟော်သဓာ ပညာ့ဥယျာဉ်

HART TO HEART အစီအစဉ်ရဲ့ ပထမဆုံးပွဲဦးထွက် မိတ်ဆက် တင်ပြပေးသွားမှာကတော့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က မဟော်သဓာ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ဖြစ်ပါတယ်။ ဒီကျောင်းကို ထူးချွန်ပေမဲ့ ပညာဆက်သင်ဖို့အခက်အခဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းက မျိုးဆက်သစ် လူငယ်တွေကို အခမဲ့ပညာသင်ကြားပေးဖို့ ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ်မှာ တိပိဋကဓရ ရမ္မာဝတီဆရာတော် အပါအဝင် နှလုံးလှအလှူရှင်တစ်စုက စတင်ထူထောင်ခဲ့ကြတာဖြစ်ပါတယ်။
ကျောင်းအတွက် လိုအပ်တဲ့ မြေ ၅ ဧကကို တောင်ကုတ်မြို့က နေလသစ္စာ ကုမ္ပဏီပိုင်ရှင် ဦးကျောက်တောင်၊ လဝန်းရတနာကုမ္ပဏီပိုင်ရှင် ဒေါ်လှလှရီနဲ့ ရန်ကုန်မြို့နေ ဦးထွန်းမောင်တို့က စုပေါင်းလှူဒါန်းခဲ့ကြပါတယ်။ ကျောင်းအဆောက်အဦးအတွက် သိန်း ၈၀၀၀ တန် RC (၂၇၀×၄၂ ) သုံးထပ်ဆောင်ကို ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ဦးစိုးထွန်းရှိန်က ကုသိုလ်ပါဝင်လှူဒါန်းပြီး ပညာဒါနပြုခဲ့ပါတယ်။ ကျောင်းသူကျောင်းများ အတွက် RC (၁၀၀×၅၀) ထမင်းစားဆောင် တစ်လုံး ကိုတော့ ဦးကျောက်တောင်နဲ့ ဦးစိုးထွန်းရှိန်တို့ကပင် စုပေါင်းပါဝင် လှူဒါန်း ခဲ့ကြပြန်ပါတယ်။
၂၀၁၇-၁၈ ပညာသင်နှစ်မှစပြီး ရခိုင်ပြည်နယ်၊မြေပုံ၊မင်းပြား၊သံတွဲနှင့် ကျောက်ဖြူမြို့နယ်တို့မှ ၉ တန်းကျောင်းသား ကျောင်းသူ ၉၇ ယောက်ကို လက်ခံပညာသင်ကြားပေးနိုင်ခဲ့ပြီး လာမယ့် ၂၀၁၈-၁၉ ပညာသင်နှစ်မှာ ၉ တန်းဦးရေ ၁၀၀ အထိတိုးပြီး လက်ခံသွားမှာ ဖြစ်တဲ့အတွက် စုစုပေါင်းဦးရေ ၁၉၇ ယောက်အထိ ပညာဒါနပြုနိုင်ဖို့ ရည်ရွယ်ထား ပါတယ်။ ဒီကျောင်းတော်ကြီး ကို နှလုံးလှ ကုသိုလ်ရှင် ပြည်သူအများရဲ့ ကောင်းမှုတွေနဲ့ ကြိုးစား ရပ်တည် ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၇-၁၈ ပညာသင်နှစ်မှာ ကျောင်းအုပ်တစ်ဦးနဲ့ ဒုကျောင်းအုပ်တစ်ဦးအပါအဝင် ဆရာ၊ ဆရာမ ၇ ဦးနဲ့ အဆောင်မှူး ၃ ဦး၊စုစုပေါင်းဝန်ထမ်း ၁၂ ဦးအတွက် ဝန်ထမ်းလစာ တစ်လသိန်း ၅၀ ခန့်ကုန်ကျပြီး ကျောင်းသား တစ်ဦးအတွက်တော့ တစ်နေ့ကို ၁သိန်းခွဲခန့် ကုန်ကျပါတယ်။ လာမယ့်နှစ်မှာတော့ တစ်ဦးအတွက် နေ့စဉ် ၃ သိန်းလောက်အထိ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
မဟော်သဓာ အခမဲ့ ပညာဥယျာဉ်ကြီးရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတာဝန်တွေကိုတော့ ဒီကျောင်းတော် ကြီးကို စတင်အကောင်အထည်ဖေါ်ခဲ့ကြတဲ့ ဦးကျောက်တောင်နဲ့ ဒေါက်တာစံလှိုင်တို့ကပဲ တာဝန် ယူထားကြပါတယ်။ ဒီကျောင်းတော်ကြီးရဲ့ ထူးခြားချက်ကတော့ တောင်ကုတ်တက္ကသိုလ် ဆရာ ဆရာမများက ညပိုင်းမှာ လာရောက်ပြီး ပညာဒါနပြုကြတာပဲဖြစ်ပါတယ်။
ဒီလိုကြီးကျယ်တဲ့ ပညာဒါန ပန်းဥယျာဉ်ကြီး ထာဝစဉ်တည်တံ့ဖို့ အတွက် စွမ်းဆောင်ရတဲ့တာဝန် ဟာလည်း အင်မတန်ကြီးလေးလှသလို ပါဝင်ကုသိုလ်ယူကြသူတွေ အနေနဲ့လည်း အင်မတန်မှ အကျိုးများမှာ သေချာပါတယ်။ ဒီလိုနေ့စဉ်နဲ့အမျှ ကုသိုလ်ရနေတဲ့ မဟော်သဓာပညာ့ဥယျာဉ်ကြီးကို ပါဝင်လှူဒါန်းပြီး အလှဆင်ကြဖို့ နှလုံးလှသူ ကျောင်းအကျိုးတော်ဆောင်များက ဝမ်းပန်းတသာ လက်ကမ်းကြိုလျက်ရှိပါတယ်။ နည်းတာများတာကို ပဓါနမထားဘဲ အောက်ပါ ဘဏ်အကောင့်များ သို့ ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း စေတနာကောင်းနဲ့ နှိုးဆော်လိုက်ရပါတယ်။
ASHIN EINDAPALA               KBZ Bank          28830 2004 0271 6401
DR.MAUNG MAUNG CHO     AYA Bank             0188 2010 1001 1549
GTB Bank                   0 1112 1002 3999
MAB Bank      025 01 32 025000831 024
ဒါ့အပြင် အောက်ဖေါ်ပြပါ Facebook စာမျက်နှာပေါ်မှာလည်း လေ့လာဖတ်ရှုနိုင်ကြပါကြောင်း သတင်းကောင်းပါး အပ်ပါတယ်။
https://www.facebook.com/MaHawThaTa/
https://www.facebook.com/profile.php?=100016544175817
နှလုံးလှသူတို့ ပျိုးသော မဟော်သဓာ ပညာပန်းခင်းကြီးထာဝရ တည်တံ့ ဖို့နှလုံး လှပြည်သူ တို့ရဲ့လက်တွေနဲ့ ဝိုင်းဝန်းထိမ်းသိမ်းပြီး လောကကိုအလှဆင်ကြပါစို့။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: