Home Heart to Heart နှလုံးလှသူ အချင်းချင်း ထံသို့ အပြန်အလှန်ကူညီဆက်သွယ်ပေးမည့် ဆန်းသစ်မြန်မာ ရဲ့ HEART TO HEART အစီစဉ်

နှလုံးလှသူ အချင်းချင်း ထံသို့ အပြန်အလှန်ကူညီဆက်သွယ်ပေးမည့် ဆန်းသစ်မြန်မာ ရဲ့ HEART TO HEART အစီစဉ်

0
နှလုံးလှသူ အချင်းချင်း ထံသို့ အပြန်အလှန်ကူညီဆက်သွယ်ပေးမည့် ဆန်းသစ်မြန်မာ ရဲ့ HEART TO HEART အစီစဉ်

ဆန်းသစ်မြန်မာ အွန်လိုင်းမီဒီယာစာမျက်နှာကို ၂၀၁၆ ခုနှစ် နိုဝင်္ဘာလ(၁) ရက်နေ့တွင် စတင်ခဲ့ရာ ယခုအခါ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ယခုအချိန်ထိ တစိုက်မတ်မတ် အားပေးခဲ့ကြသည့် မိတ်ဆွေပေါင်း ၃ သိန်းနီးပါးကို ဆန်းသစ်မြန်မာမိသားစုက အထူး ကျေးဇူးတင်ပါသည်။ မကြာခင်နှစ်ကာလတွင် ဆန်းသစ်မြန်မာ ပရိ တ် သတ်ပေါင်း သန်းချီရှိလာမည်ဟုလည်း ယုံကြည်ပါသည်။ ထိုသို့များပြားလာသည့် ပရိတ်သတ်များအတွက် ပညာ ရေး၊ကျန်းမာရေး စသည့် လူမှုရေးအကူအညီများကို မျှဝေလိုသည့် စေတနာမွန်ဖြင့် ဆန်းသစ်မြန်မာမှ HEART TO HEART ခေါင်းစဉ်ဖြင့် နိုင်ငံအတွင်းရှိ လူမှုပရဟိတ လုပ်ကိုင်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများနှင့် ရဟန်း ပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်တို့ အကြောင်းကို ရှာဖွေစုဆောင်းပြီး ရေးသားဖေါ်ပြပေး သွားမည်ဖြစ်ပါသည်။
မြန်မာအပါအဝင် ကမ္ဘာအရပ်ရပ်ရှိ ဆန်းသစ်မြန်မာကို နေ့စဉ်ဖတ်ရှုအားပေးနေကြသည့် ပရိတ်သတ်များအတွက် နိုင်ငံတစ်ဝန်းရှိ ပညာရေး၊ကျန်းမာရေးအပါအဝင် အခြားသောလူမှုရေး အကူအညီများပေးနေကြသည့် နှလုံးလှသူ တို့ကို HEART TO HEART ခေါင်းစဉ်အောက်မှ ဆက်သွယ်ကူညီပေးမည့် အစီအစဉ်ပင်ဖြစ်ပါသည်။ စာဖတ်ပရိတ်သတ်များအနေဖြင့် ဆန်းသစ်မြန်မာ၏ HEART TO HEART သို့ဝင်ရောက်ဖတ်ရှုပြီး နှလုံးလှသူ များနှင့် တိုက်ရိုက်ဆက်သွယ်ကာ ပါဝင်ပူးပေါင်းကုသိုလ်ယူနိုင်ကြသကဲ့သို့ Share ပေးခြင်းဖြင့် မိမိမိတ်ဆွေများထပ်ဆင့် ကုသိုလ်ယူနိုင်အောင် ကူညီပေးကြပါရန်မေတ္တာရပ်ခံလိုပါသည်။
နိုင်ငံအတွင်းရှိ လူမှုရေးပရဟိတလုပ်ငန်းများကို ထူထောင်လုပ်ကိုင်နေကြသည့် အဖွဲ့အစည်းများ၊ ရဟန်းတော်များ၊ လူပုဂ္ဂိူလ်များအနေဖြင့်လည်း မိမိတို့ လုပ်ငန်းကို အများပြည်သူ သိရှိနားလည်လာရန်နှင့် ပါဝင်လှူဒါန်းနိုင်ရန်အတွက် မိမိတို့လုပ်ငန်းနှင့်ပတ်သက်သည့် အကြောင်းအရာအကျဉ်း၊ မှတ်တမ်းဓါတ်ပုံ၊ ဆက်သွယ်ရမည့်တည်နေရာ၊ ဖုန်း၊ အီးမေးလ်နှင့် ဘဏ်အကောင့်များကို [email protected] သို့သော်လည်းကောင်း facebook စာမျက်နှာ https://www.facebook.com/sanwin.tun.5 ရှိ Messenger မှတစ်ဆင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြပါကြောင်း စေတနာကောင်းဖြင့် အသိပေးအပ်ပါသည်။
လူ့ဘဝခဏတွင် နှလုံးလှလူသားတစ်ယောက်အဖြစ် တန်ဖိုးရှိသော ဘဝအချိန်များကို ဖြတ်သန်းကုန်ဆုံးကြပါစို့။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: