Home Lifestyle Health ရေဖြင့် သင့်ကျန်းမာရေးကိုတည်ဆောက်ပါ

ရေဖြင့် သင့်ကျန်းမာရေးကိုတည်ဆောက်ပါ

0
ရေဖြင့် သင့်ကျန်းမာရေးကိုတည်ဆောက်ပါ

“ေရ“လို႔ ဆိုလိုက္တာနဲ႔ ျမန္မာႏိုင္ငံသားအမ်ားစုက ယေန႔အထိေပါ့ေပါ့တန္တန္ပင္သေဘာထားေနၾကဆဲပါပဲ။ တကယ္ေတာ့ က်ေနာ္တို႔ေတြအတြက္ ေသာက္သုံးေရ ရွားပါးမႈ ျပသနာဟာ တစ္ေန႔ထက္တစ္ေန႔ စိန္ေခၚလာေနၿပီဆိုတာသိၾကရမယ့္ အခ်ိန္ေရာက္ပါၿပီ။ ဘာေၾကာင့္လဲ။ က်ေနာ္တို႔အားလုံးဟာ ကမာၻႀကီးပူေႏြး လာမႈနဲ႔အတူ သဘာဝအႏၲရာယ္က်ေရာက္မႈ အဆိုး႐ြားဆုံးႏိုင္ငံစက္ကြင္းထဲသို႔ ေရာက္ေနၾကတဲ့ သူေတြမို႔လို႔ ပါပဲ။ေရရဲ႕တန္ဖိုးကို ေရရွားတဲ့ေနရာေတြ၊ေရဝယ္သုံးေနရတဲ့ႏိုင္ငံနဲ႔ေဒသေတြကို ေရာက္ဖူးမွ ေကာင္းေကာင္း နားလည္ႏိုင္ပါလိမ့္မယ္။ တန္ဖိုးကိုသိမွ တန္ဖိုးဆိုတာရွိလာမွာပါ။

ေရဟာအသက္ရွင္သန္ေရးအတြက္ အေရးပါတာကိုေတာ့ လူတိုင္းနီးပါးသိၾကပါတယ္။ဒါေၾကာင့္လဲ လူအမ်ားစုက အသက္ရွင္သန္ေရးအတြက္ ေရကိုေသာက္သုံးၾကရမယ္ဆိုတာလည္းသိၾကပါတယ္။ ဒါေပမယ့္ လူ႔ခႏၶာသဘာဝအရ ေရလိုအပ္ခ်က္ ရွိလာလို႔ ေရဆာမွ၊ေရငတ္မွ ေရကိုသတိရၾကသူမ်ားထဲဲမွာ က်ေနာ္တို႔အမ်ားစုပါဝင္ပါတယ္။ တကယ္ေတာ့ ေရဟာ လူသားေတြရဲ႕ အသက္ရွင္သန္ေရးသာမက အနာေရာဂါကင္းေဝးၿပီး သက္ရွည္က်န္းမာဖို႔အတြက္ အေရးပါဆုံးအရာျဖစ္တယ္ဆိုတာကိုေတာ့ သိတဲ့သူ နည္းပါလိမ့္မယ္။

water-drinking

ေရအက်ိဳးဆယ္ပါး

ေရရဲ႕တန္ဖိုးဟာ ႀကီးမားလြန္းတာေၾကာင့္ ေရလႉရင္ မေတာင္းတဘဲ အက်ိဳး(၁၀)ပါး ကိုရတယ္လို႔ ျမတ္ဗုဒၶက ေဟာေဖၚၫႊန္ျပခဲ့ပါတယ္။ လ်င္ျမန္ျခင္း၊ သန႔္ရွင္းစင္ၾကယ္ျခင္း၊ေက်ာ္ၾကားျခင္း၊ ဆာေလာင္ကင္းျခင္း၊အေႁခြအရံမ်ားျခင္း၊ အသက္ရွည္ျခင္း၊ အဆင္းလွျခင္း၊ ခ်မ္းသာႀကီးျခင္း၊ ခြန္အားႀကီးျခင္းနဲ႔ ဉာဏ္ပညာႀကီးျခင္း ဆိုတဲ့ အက်ိဳးဆယ္ပါးပါ။ က်ေနာ္တို႔ေတြဟာ ဒီေလာက္တန္ဖိုးရွိတဲ့ေရကို အမွန္တကယ္ တန္ဖိုးရွိေအာင္သုံးတတ္ၿပီလားလို႔ေမးရင္ အမ်ားစုကေတာ့ ေခါင္းခါၾကရမွာအမွန္ပါ။ က်ေနာ္တို႔က်န္းမာေရးအတြက္ အေဝးမွာရွိေနတဲ့ အျခားအာဟာရ အစားအစာေတြကို ေမႊေႏွာက္ရွာေဖြေနမယ့္အစား လက္တကမ္းကေရကိုပဲ စနစ္က်ေအာင္အသုံးျပဳၾကည့္လိုက္ပါဦး။

သင္သိရမယ့္ ေရကေပးေသာ အက်ိဳးဆယ္ပါး

ေရဟာလူသားေတြအတြက္ ဘယ္ေလာက္ေတာင္ အစြမ္းရွိသလဲဆိုတာ ေအာက္ပါ အက်ိဳးတရား ဆယ္ပါးနဲ႔ရွင္းျပခ်င္ပါတယ္။

(၁) အေရျပားေအာက္မွာအဆီအိတ္ေတြေၾကာင့္ အသားအေရပြေဖာင္းေနတဲ့ Cellulite ကို ကာကြယ္ကုသေပးႏိုင္တယ္။( Treats and prevents cellulite)
(၂)အေရးအေၾကာင္းေတြမေပၚေအာင္ကာကြယ္ေပးႏိုင္တယ္။(Wrinkle prevention)
(၃) ဆံပင္ကိုေတာက္ေျပာင္ေစတယ္။(Shiny hair)
(၄) စြမ္းအင္ကို ေပးတယ္။(Give energy)
(၅) ကယ္လိုရီစားသုံးမႈကို ေလွ်ာ့ခ်ေပးတယ္။( Reduce calorie intake)
(၆) ေရာဂါပိုးမႊားမ်ားကို ကာကြယ္တားဆီးေပးႏိုင္တယ္။(Wards off disease and infection)
(၇) အေရျပားကို လင္းလက္ေတာက္ပေစသည္။( Glowy skin)
(၈) အာဟာရမ်ားကို အလြယ္တကူစုပ္ယူႏိုင္ေစတယ္။(Nutrients are easier to absorb)
(၉)လက္သည္းေျခသည္းမ်ားကို ခိုင္မာေစတယ္။( Healthy strong nails)
(၁၀) အစာေခ်ဖ်က္မႈကို အေထာက္အကူျပဳတယ္။( Digestive aid)
ဒါတင္မကပါဘူး။ေရဟာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ လွ်ိဳ႕ဝွက္လက္နက္တစ္ခုဆိုတာလည္း သိေစခ်င္ပါတယ္။ဘာေၾကာင့္ပါလဲ။ ေအာက္ပါအခ်က္ေတြေၾကာင့္ပဲျဖစ္ပါတယ္။

(၁) ေရမွာလူကိုဝေစတဲ့ ကယ္လိုရီလုံးဝမပါပါဘူး။( Water contains zero calories.)
(၂) ေရက ကိုယ္ခႏၶာရဲ႕ဇီဝကမျဖစ္စဥ္ေတြကို ျမႇင့္တင္ေပးတယ္။(Water boosts your metabolism.)
(၃) ေရက အစာစားခ်င္စိတ္ကို ေလွ်ာ့ခ်ေပးတယ္။ (Water lowers your appetite.)
(၄) ေရက ကိုယ္ခႏၶာအတြင္းပိုင္းမွာ ေရပိုေတြကို သိမ္းထားတာမ်ိဳးကို ေလ်ာက်ေစတယ္။(Water decreases water retention)
(၅) ေရက အာသာျပင္းျပမႈကို အနည္းဆုံးျဖစ္ေအာင္ကူညီေပးတယ္။(Water helps to minimize craving.)
(၆) ေရက စြမ္းအင္အဆင့္ျမင့္မားမႈကို ထိန္းေပးတယ္။(Water keeps your energy kevel high.)
ဒီေလာက္အစြမ္းရွိတဲ့ ေရကို ဆာေလာင္မွ၊ေရငတ္မွထပ္ျဖည့္ေနၾကတဲ့ က်ေနာ္တို႔ေတြ ဟာ တကယ္စဥ္းစားၾကည့္မယ္ဆိုရင္ သနားစရာေကာင္းလွပါတယ္။ မသိမႈဟာ ေလာကမွာ အင္မတန္ေၾကာက္စရာ ေကာင္းပါတယ္။ ကဲဒါဆိုရင္ တစ္ေန႔တာမွာ ေရကို အက်ိဳးရွိေအာင္ဘယ္လိုေသာက္ၾကမလဲ။
(၁) အိပ္ရာကထတာနဲ႔ ေရ ဖန္ခြက္နဲ႔ (၂)ခြက္ေသာက္ၿပီး အတြင္းက ကိုယ္ခႏၶာအစိတ္အပိုင္းေတြကိုရွင္းလိုက္ပါ။
(၂)အစာေခ်ဖ်က္ရာမွာ အကူအညီရဖို႔ အစာမစားမီ နာရီဝက္ႀကိဳၿပီး ေရ တစ္ဖန္ခြက္ေသာက္ပါ။
(၃) ေသြးဖိအားကို က်ဆင္းေစဖို႔အတြက္ ေရမခ်ိဳးမီ ေရ တစ္ဖန္ခြက္ေသာက္ပါ။
(၄) ႏွလုံးတိုက္ခိုက္မႈ မခံရဖို႔အတြက္ အိပ္ရာမဝင္မီ ေရတစ္ဖန္ခြက္ေသာက္ပါ။
ဒီတစ္ခါေတာ့ ေနာက္ဆုံးအေနနဲ႔ ေသာက္႐ုံတင္မကဘဲ သုံးတတ္႐ုံျဖင့္ မိမိရဲ႕ က်န္းမာေရးကို အက်ိဳးျပဳႏိုင္တယ္ဆိုတာကို တင္ျပခ်င္ပါတယ္။အဲဒါေတြကေတာ့၊

မနက္အိပ္ရာထၿပီးမ်က္ႏွာမသစ္၊သြားမတိုက္မီ ဒူးေခါင္းေအာက္ပိုင္းကို ေရမ်ားမ်ားေလာင္းခ်ဖို႔ အႀကံျပဳခ်င္ပါတယ္။ ေခါင္းကိုက္ေခါင္းမူးေဝဒနာမ်ားႏွင့္ အျမင္အာ႐ုံအတြက္ အေထာက္အကူျဖစ္ပါတယ္။

အျပင္မွလာၿပီး ခ်က္ခ်င္းေခါင္းေပၚမွေရေလာင္းမခ်ိဳးဖို႔နဲ႔ ေရခ်ိဳးေသာအခါ ေအာက္ပိုင္းမွစၿပီးေရေလာင္းခ်ိဳးဖို႔ အႀကံျပဳအပ္ပါတယ္။ ေနာက္ဆုံေတာ့ စာဖတ္သူက ကဲ ဒါဆိုရင္ တစ္ေန႔ကို ေရဘယ္ေလာက္ေသာက္ရမလဲလို႔ ေမးခ်င္ပါလိမ့္မယ္။ တစ္လီတာေရသန႔္ဗူးေတြထုတ္လုပ္ေနၾကတဲ့ေခတ္မွာ ေရသန႔္ဗူးနဲ႔ ေျပာရင္ အားလုံးအတြက္ အဆင္ ေျပမယ္ထင္ပါတယ္။ ကဲမိတ္ေဆြ တစ္ေန႔ကို တစ္လီတာဝင္ေရသန႔္ဗူး(၂)ဗူးသာ ကုန္ေအင္ ေသာက္လိုက္ပါေတာ့။ေရကို အက်ိဳးရွိရွိအသုံးခ်ရင္း က်န္းမာတဲ့ ျပည္သူေတြျဖစ္ၾကပါေစ။

Unicode : ေရျဖင့္ သင့္က်န္းမာေရးကိုတည္ေဆာက္ပါ

why water is important

“ရေ“လို့ ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံသားအများစုက  ယနေ့အထိပေါ့ပေါ့တန်တန်ပင်သဘောထားနေကြဆဲပါပဲ။ တကယ်တော့ ကျနော်တို့တွေအတွက် သောက်သုံးရေ ရှားပါးမှု ပြသနာဟာ တစ်နေ့ထက်တစ်နေ့ စိန်ခေါ်လာနေပြီဆိုတာသိကြရမယ့် အချိန်ရောက်ပါပြီ။ ဘာကြောင့်လဲ။ ကျနော်တို့အားလုံးဟာ ကမ္ဘာကြီးပူနွေး လာမှုနဲ့အတူ သဘာဝအန္တရာယ်ကျရောက်မှု အဆိုးရွားဆုံးနိုင်ငံစက်ကွင်းထဲသို့ ရောက်နေကြတဲ့ သူတွေမို့လို့ ပါပဲ။ရေရဲ့တန်ဖိုးကို ရေရှားတဲ့နေရာတွေ၊ရေဝယ်သုံးနေရတဲ့နိုင်ငံနဲ့ဒေသတွေကို ရောက်ဖူးမှ ကောင်းကောင်း နားလည်နိုင်ပါလိမ့်မယ်။ တန်ဖိုးကိုသိမှ တန်ဖိုးဆိုတာရှိလာမှာပါ။

ရေဟာအသက်ရှင်သန်ရေးအတွက် အရေးပါတာကိုတော့ လူတိုင်းနီးပါးသိကြပါတယ်။ဒါကြောင့်လဲ လူအများစုက အသက်ရှင်သန်ရေးအတွက် ရေကိုသောက်သုံးကြရမယ်ဆိုတာလည်းသိကြပါတယ်။ ဒါပေမယ့် လူ့ခန္ဓာသဘာဝအရ ရေလိုအပ်ချက် ရှိလာလို့ ရေဆာမှ၊ရေငတ်မှ ရေကိုသတိရကြသူများထဲဲမှာ ကျနော်တို့အများစုပါဝင်ပါတယ်။ တကယ်တော့ ရေဟာ လူသားတွေရဲ့ အသက်ရှင်သန်ရေးသာမက အနာရောဂါကင်းဝေးပြီး သက်ရှည်ကျန်းမာဖို့အတွက် အရေးပါဆုံးအရာဖြစ်တယ်ဆိုတာကိုတော့ သိတဲ့သူ နည်းပါလိမ့်မယ်။

water-drinking

ရေအကျိုးဆယ်ပါး

ရေရဲ့တန်ဖိုးဟာ ကြီးမားလွန်းတာကြောင့် ရေလှူရင် မတောင်းတဘဲ အကျိုး(၁၀)ပါး ကိုရတယ်လို့  မြတ်ဗုဒ္ဓက ဟောဖေါ်ညွှန်ပြခဲ့ပါတယ်။ လျင်မြန်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ကျော်ကြားခြင်း၊ ဆာလောင်ကင်းခြင်း၊အခြွေအရံများခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းနဲ့ ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ အကျိုးဆယ်ပါးပါ။ ကျနော်တို့တွေဟာ ဒီလောက်တန်ဖိုးရှိတဲ့ရေကို အမှန်တကယ် တန်ဖိုးရှိအောင်သုံးတတ်ပြီလားလို့မေးရင် အများစုကတော့ ခေါင်းခါကြရမှာအမှန်ပါ။ ကျနော်တို့ကျန်းမာရေးအတွက် အဝေးမှာရှိနေတဲ့ အခြားအာဟာရ အစားအစာတွေကို မွှေနှောက်ရှာဖွေနေမယ့်အစား လက်တကမ်းကရေကိုပဲ စနစ်ကျအောင်အသုံးပြုကြည့်လိုက်ပါဦး။

သင်သိရမယ့် ရေကပေးသော အကျိုးဆယ်ပါး

ရေဟာလူသားတွေအတွက် ဘယ်လောက်တောင် အစွမ်းရှိသလဲဆိုတာ အောက်ပါ အကျိုးတရား ဆယ်ပါးနဲ့ရှင်းပြချင်ပါတယ်။

(၁) အရေပြားအောက်မှာအဆီအိတ်တွေကြောင့် အသားအရေပွဖောင်းနေတဲ့ Cellulite ကို ကာကွယ်ကုသပေးနိုင်တယ်။( Treats and prevents cellulite)
(၂)အရေးအကြောင်းတွေမပေါ်အောင်ကာကွယ်ပေးနိုင်တယ်။(Wrinkle prevention)
(၃) ဆံပင်ကိုတောက်ပြောင်စေတယ်။(Shiny hair)
(၄) စွမ်းအင်ကို ပေးတယ်။(Give energy)
(၅) ကယ်လိုရီစားသုံးမှုကို လျှော့ချပေးတယ်။( Reduce calorie intake)
(၆) ရောဂါပိုးမွှားများကို ကာကွယ်တားဆီးပေးနိုင်တယ်။(Wards off disease and infection)
(၇) အရေပြားကို လင်းလက်တောက်ပစေသည်။( Glowy skin)
(၈) အာဟာရများကို အလွယ်တကူစုပ်ယူနိုင်စေတယ်။(Nutrients are easier to absorb)
(၉)လက်သည်းခြေသည်းများကို ခိုင်မာစေတယ်။( Healthy strong nails)
(၁၀) အစာချေဖျက်မှုကို အထောက်အကူပြုတယ်။( Digestive aid)
ဒါတင်မကပါဘူး။ရေဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် လျှို့ဝှက်လက်နက်တစ်ခုဆိုတာလည်း သိစေချင်ပါတယ်။ဘာကြောင့်ပါလဲ။ အောက်ပါအချက်တွေကြောင့်ပဲဖြစ်ပါတယ်။

(၁) ရေမှာလူကိုဝစေတဲ့ ကယ်လိုရီလုံးဝမပါပါဘူး။( Water contains zero calories.)
(၂) ရေက ကိုယ်ခန္ဓာရဲ့ဇီဝကမဖြစ်စဉ်တွေကို မြှင့်တင်ပေးတယ်။(Water boosts your metabolism.)
(၃) ရေက အစာစားချင်စိတ်ကို လျှော့ချပေးတယ်။ (Water lowers your appetite.)
(၄) ရေက ကိုယ်ခန္ဓာအတွင်းပိုင်းမှာ ရေပိုတွေကို သိမ်းထားတာမျိုးကို လျောကျစေတယ်။(Water decreases water retention)
(၅) ရေက အာသာပြင်းပြမှုကို အနည်းဆုံးဖြစ်အောင်ကူညီပေးတယ်။(Water helps to minimize craving.)
(၆) ရေက စွမ်းအင်အဆင့်မြင့်မားမှုကို ထိန်းပေးတယ်။(Water keeps your energy kevel high.)
ဒီလောက်အစွမ်းရှိတဲ့ ရေကို ဆာလောင်မှ၊ရေငတ်မှထပ်ဖြည့်နေကြတဲ့ ကျနော်တို့တွေ ဟာ တကယ်စဉ်းစားကြည့်မယ်ဆိုရင် သနားစရာကောင်းလှပါတယ်။ မသိမှုဟာ လောကမှာ အင်မတန်ကြောက်စရာ ကောင်းပါတယ်။ ကဲဒါဆိုရင် တစ်နေ့တာမှာ ရေကို အကျိုးရှိအောင်ဘယ်လိုသောက်ကြမလဲ။
(၁) အိပ်ရာကထတာနဲ့ ရေ ဖန်ခွက်နဲ့ (၂)ခွက်သောက်ပြီး အတွင်းက ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုရှင်းလိုက်ပါ။
(၂)အစာချေဖျက်ရာမှာ အကူအညီရဖို့ အစာမစားမီ နာရီဝက်ကြိုပြီး ရေ တစ်ဖန်ခွက်သောက်ပါ။
(၃) သွေးဖိအားကို ကျဆင်းစေဖို့အတွက် ရေမချိုးမီ ရေ တစ်ဖန်ခွက်သောက်ပါ။
(၄) နှလုံးတိုက်ခိုက်မှု မခံရဖို့အတွက် အိပ်ရာမဝင်မီ ရေတစ်ဖန်ခွက်သောက်ပါ။
ဒီတစ်ခါတော့ နောက်ဆုံးအနေနဲ့ သောက်ရုံတင်မကဘဲ သုံးတတ်ရုံဖြင့် မိမိရဲ့ ကျန်းမာရေးကို အကျိုးပြုနိုင်တယ်ဆိုတာကို တင်ပြချင်ပါတယ်။အဲဒါတွေကတော့၊

  • မနက်အိပ်ရာထပြီးမျက်နှာမသစ်၊သွားမတိုက်မီ ဒူးခေါင်းအောက်ပိုင်းကို ရေများများလောင်းချဖို့ အကြံပြုချင်ပါတယ်။ ခေါင်းကိုက်ခေါင်းမူးဝေဒနာများနှင့် အမြင်အာရုံအတွက် အထောက်အကူဖြစ်ပါတယ်။
  •  အပြင်မှလာပြီး ချက်ချင်းခေါင်းပေါ်မှရေလောင်းမချိုးဖို့နဲ့ ရေချိုးသောအခါ အောက်ပိုင်းမှစပြီးရေလောင်းချိုးဖို့ အကြံပြုအပ်ပါတယ်။ နောက်ဆုံတော့ စာဖတ်သူက ကဲ ဒါဆိုရင် တစ်နေ့ကို ရေဘယ်လောက်သောက်ရမလဲလို့ မေးချင်ပါလိမ့်မယ်။ တစ်လီတာရေသန့်ဗူးတွေထုတ်လုပ်နေကြတဲ့ခေတ်မှာ ရေသန့်ဗူးနဲ့ ပြောရင် အားလုံးအတွက် အဆင် ပြေမယ်ထင်ပါတယ်။ ကဲမိတ်ဆွေ တစ်နေ့ကို တစ်လီတာဝင်ရေသန့်ဗူး(၂)ဗူးသာ ကုန်အေင် သောက်လိုက်ပါတော့။ရေကို အကျိုးရှိရှိအသုံးချရင်း ကျန်းမာတဲ့ ပြည်သူတွေဖြစ်ကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: