Home News ကမ္ဘာသိအောင်ပြောကြစို့

ကမ္ဘာသိအောင်ပြောကြစို့

0
ကမ္ဘာသိအောင်ပြောကြစို့

အနောက်ခြံစည်းရိုးကို ချိုးဖောက်ဝင်ရောက်လာခဲ့ကြသော ရိုဟင်ဂျာအမည်ခံ ဘင်ဂါလီတို့၏ တိုင်းရင်း သား ဖြစ်ရေး၊သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး မဟာဗျူဟာ တိုက်ကွက်များကား  တဖြည်းဖြည်း အကွက်စိတ် လာခဲ့ သည်။ သူတို့၏  စနစ်တကျ အချိန်ယူကာ ကြိုတင်ပြင်ဆင်ထားသော တိုက်ကွက်များကြောင့်  အစိုးရ အ ပါအဝင် ဋ္ဌာနေရခိုင်တိုင်းရင်းသားတို့၏ အသက်အိုးအိမ်စည်းစိမ်များ ကိုပေးဆပ်ခဲ့ကြရလေပြီ။ ကိုယ့်ရေ ကိုယ့် မြေကို ကျူး ကျော်ဖို့အတွက် မိမိတို့၏ ဆောင်ပုဒ်ဖြစ်သော “မြေမျို၍ လူမျိုးမပြုတ်၊လူမြိုမှလူမျိုး ပြုတ်မည်” ဟူသော ဆောင်ပုဒ်ကို ဘင်ဂါလီတို့က  လက်တွေ့ အကောင် အထည်ဖေါ်လိုက်ကြလေပြီ။ ယခုအခါ ဘူးသီး တောင် မောင်းတော ဒေသသည် လူမြိုခြင်းကြောင့် လူမျိုးပါပြုတ်လုနီးပါးဖြစ်နေသည့်နယ်စပ် ဒေသ တစ်ခုအဖြစ် ပြောင်းလဲသွားရလေပြီ။

ထိုသို့ဖြစ်လာအောင် ဘင်ဂါလီတို့က တရက်တည်းဖြင့် တည်ဆောက်ခဲ့ခြင်းတော့မဟုတ်။  အကြံဖြင့် လာကြသူပီပီ ပထမဦးစွာအာဏာပိုင်များနှင့် အောက်ကျခံပြီး အရောတဝင်ပေါင်းသင်းကာ စီးပွားရှာကြသည်။ ဒေသခံရခိုင် များကလည်း ခိုင်းကောင်းသည်ဟုဆိုကာ တောက်တိုမယ်ရ အကုန်ခိုင်းကြသည်။ဘင်ဂလီတို့က ထမင်းကိုရေမျောပြီး ငရုတ်သီးတောင့်ကိုက်ကာ ငွေစုကြသည်။ ဘင်ဂါလီများကရိုဟင်ဂျာနိုင်ငံထူ ထောင်ရေး ကြိုး ပမ်းနေကြ ချိန်တွင် ရခိုင်များက စားကောင်းတုန်း၊အိပ်ကောင်တုန်း၊ပျော်ကောင်းတုန်းပင်။

ဆယ်စုနှစ်များကြာလာပြီးသည့် ယခုအချိန်ကာလတွင် ဘင်ဂါလီတို့၏ ရိုဟင်ဂျာဝါဒဖြန့်ရေး လက် တံကား ကမ္ဘာအနှံ့ သို့ ဖြန့်ကျက်လာနိုင်ခဲ့သည်ကိုတွေ့ရ၏။ ဋ္ဌာနေရခိုင်တို့မှာမူကား အတွေးအခေါ်အယူဝါဒ ရေးရာများ ကွဲပြားပြီး အချင်းချင်း တိုက်ခိုက်နေကြတုန်းပင်။ ပါတီကွဲ ၀ါဒကွဲ၊အုပ်စုကွဲ စသည့် အရောင်အသွေး ပေါင်းစုံ ကွဲကာ ဆဲဆို ငြင်းခုံနေကြဆဲပင်။ တစ်ဖက်တွင်  ငွေကြေးအထောက်အပံ့ များစွာဖြင့်  ရပ်တည်ကြ သော ဘင်ဂါလီ ၀ါဒဖြန့် ဘလော့ဂါ များက ကမာ့အလယ်တွင် ရခိုင်ဒေသသည် သူတို့၏မူလဒေသဖြစ်ကြောင်း၊ ရခိုင်နှင့် မြန်မာတို့က သမိုင်းအလိမ်ဆုံးလူမျိုး ဖြစ်ကြောင်း ဘာသာစကားမျိုးစုံဖြင့် ရေးသားပြီး ၀ါဒဖြန့် နေ ကြ သည်။ ကမ္ဘာမှာ သနားစရာအကောင်းဆုံးလူမျိုးဟု  ငိုသံနှောပြီး  မျက်ရည်ခံထိုး နေကြ သည်။ လူ့အခွင့် ရေး ဓါတ်ပြား ကို အပ်ကြောင်းထပ်အောင် ဖွင့်ပြီးလွှင့်ထုတ်နေကြသည်။ ထိုအွန်လိုင်းမီဒီယာများမှတစ်ဆင့် UN ၊EU စသည့် ကမ္ဘာ့အဆင့်သို့ထိ နိုင်ငံမဲ့လူသားများအဖြစ်သနားစဖွယ်ရေးသား နေကြသည်။  မဟုတ် မမှန် သတင်း မျိုးစုံ ဖန်တီးပြီး ကမ္ဘာသိအောင် IT လက်နက်ဆန်းကို အသုံးပြုလျက်ရှိကြသည်။ မည်သူတို့ဖန်တီးပြီး မည်သည့် အဖွဲ့အစည်းများက လှုပ်ရှားနေသည်ကို သိရှိစေရန် ပုံတစ်ချို့ကို ဖေါ်ပြလိုက်ပါသည်။

ba-sein
ဘစိန်အမည်ခံ ဘင်ဂါလီ ဘလော့ဂါ

rohingyablogger နှင့်arakanna ကဲ့သို့သော Website များမှ မဟုတ်မမှန် သတင်းများလုပ်ကြံဖန်တီးကာ ကမ္ဘာသိအောင် လှုံ့ဆော်နေကြသည်ကို တွေ့ရပါသည်။

 ထိုအချိန်ထိ ရခိုင်အကြောင်း ကမ္ဘာက ကောင်းစွာ သိနိုင်အောင်စွမ်းဆောင်နိုင်သည့် ရခိုင်ဘလော့ ဂါများ၊ အသင်းအဖွဲ့များကို ပီပီပြင်ပြင်မတွေ့ရသေး။ ရခိုင်တို့တွင်လူမှုရေးဆိုင်ရာ အသင်းအဖွဲ့မျိုးစုံ ရှိကြသည့်အနက် နှစ်ကာလအရှည်ကြာဆုံးနှင့် အကြီးဆုံးသော အသင်းအဖွဲ့တစ်ချို့ပင်လျှင် အမြဲရှင်သန်နေသည့် ကမ္ဘာသိကိုယ်ပိုင် ဝက်ဘ်ဆိုက် တစ်ခုခုကို မတွေ့ရသေးချေ။ ထို့ကြောင့် ယခုအချိန်တွင် ခေတ် အဆက်ဆက် မျိုးနှင့်ရိုးနှင့် ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့ကြသော ရခိုင်တို့၏အမှန်တရားကို ကမ္ဘာ့ပြည် သူများသို့ နေ့စဉ်နှင့်အမျှ မျှဝေပေးနိုင်မည့် ဘလော့ဂါများ ပေါ်ထွက်လာရေးသည် အလွန်အရေးကြီးသော လိုအပ်ချက်တစ်ခုအဖြစ် ရှုမြင်ပါကြောင်း ရေးသား လိုက်ရပါသည်။ ရခိုင်တို့အကြောင်းကို ကမ္ဘာသိအောင် ပြောဖို့လိုနေပါပြီ။ခေတ်မီသော လူ့အဖွဲ့ အစည်း၊တန်ဖိုးပြည့်ဝသောလူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ညီညွတ်အားဖြင့် အမျိုး ကို စောင့်ထိန်းနိုင်ကြပါစေ။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: