Home How To အသက် (၃၀)မှာ မီလီယံနာ ဖြစ်စေဖို့ အချက် (၁၀) ချက်

အသက် (၃၀)မှာ မီလီယံနာ ဖြစ်စေဖို့ အချက် (၁၀) ချက်

0
အသက် (၃၀)မှာ မီလီယံနာ ဖြစ်စေဖို့ အချက် (၁၀) ချက်

လူတိုင်းက မီလီယံနာ ဖြစ်ဖို့ဆိုရင်စိတ်ဝင်စားတတ်ကြတယ်။ ပိုစိတ်ဝင်စားတာက အသက်၃၀ မှာ မီလီယံနာ ဖြစ်ဖို့ ဆိုတော့ ပို စိတ်ဝင်စားကြတာပေါ့။ ဒါဟာ မဖြစ်နိုင်တာမဟုတ်သလို ရီစရာတစ်ခုလည်းမဟုတ်ပါဘူး။ အချက်(၁၀) ချက်ကိုပဲ လိုက်နာ လိုက်ပါ။ စာရေးသူက အသက် ၂၁ နှစ်မှာ ကျောင်းထွက်ပြီး အကြွေးနက်ခဲ့သလို မွဲခဲ့သူပါ။ ဒါပေမယ့် အသက် ၃၀ မှာတော့ မီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲ၊ဒီ ၁၀ ချက်ကြောင့်ပါ။

(၁) ငွေရမယ့် အခွင့်အလမ်းကိုရှာပါ

       ပထမအဆင့်က ဝင်ငွေတိုးအောင်လုပ်ပါ။ ဒါကိုပဲထပ်ကာထပ်ကာလုပ်ပါ။ စာရေးသူရဲ့ဝင်ငွေက ပထမမှာ တစ်လဒေါ်လာ ၃၀၀၀  ပဲရပါတယ်။ နောက်ပိုင်း ၉လမှာတော့ တစ်လ ဒေါ်လာ ၂၀၀၀၀ ရလာပါတယ်။ ရလာပြီဆိုရင် မြဲအောင်ထိန်းပြီး နောက်ထပ်ရလာမယ့် အခွင့်အလမ်းကောင်းတွေကို ထပ်ရှာပါ။

(၂) ရှိုးမထုတ်နဲ့

      ကျွန်တော်က လုပ်ငန်း ဆတိုးမကြီးထွားသရွေ့ အကောင်းစားနာရီတောင်ဝယ်မပတ်ပါဘူး။ခုထိကျွန်တော်စီးနေတဲ့ ကားက တိုယိုတာ ကရင်မီလေးပါ။သင်ဝယ်တဲ့ ပစ္စည်းထက် သင့်လုပ်ငန်းဂုဏ်သိက္ခာ က ပို အရေးကြီးပါတယ်။

(၃)ငွေစုပြီးရင်းနှီးမြှုပ်နှံပါ။

ရင်းနှီးဖို့ငွေပိုရအောင်စုပါ။ ဘယ်နည်းနဲ့မှပြန်မထုတ်တဲ့ အကောင့်ဖွင့်ပြီးစုပါ။ ဒီအတွက် သင် ငွေပြတ်ကောင်းပြတ်နိုင်ပါတယ်။ ဒါပေမယ့် သင်စုနေတာ သင့် အိမ်မက်ကို အကောင်အထည်ဖေါ်ဖို့ဆိုတာ မမေ့ပါနဲ့။

(၄)ငွေပြန်မရှာပေးတဲ့ အကြွေးဆိုးကိုရှောင်ပါ။

သင့်ကို ငွေရှာပေးမယ့်အကြွေးမျိုးကလွဲရင် လုံးဝ အကြွေးမတင်ပါစေနဲ့။ ကျွန်တော်ကားဝယ်ဖို့ ငွေချေးတာတောင် ဒီကားကြောင့် ကျွန်တော်က ပိုက်ဆံပိုရလာမှာမို့ ချေးဝယ်ရတာပါ။ လူချမ်းသာတွေက ပိုချမ်းသာလာဖို့ အကြွေးယူနေကြတယ်။ လူဆင်းရဲတွေကတော့ လူချမ်းသာတွေ ပိုချမ်းသာလာဖို့ အကြွေးယူနေကြတယ် ဆိုတာ မှတ်ပါ။

(၅) ငွေကို ရတနာလို ချစ်ပါ။

ချစ်ရင်အနားလာမယ်၊မချစ်ရင်ဝေးနေမယ်ဆိုတာသင်သိပြီးသားဖြစ်ပါလိမ့်မယ်။ ငွေကိုရတနာလိုတန်ဖိုးထားရင် ငွေကလည်း သင့်ကို တန်ဖိုးထားပြီး သင့်ကို ခင်တွယ် လာပါလိမ့်မယ်။လက်တွေ့စမ်းကြည့်လိုက်ပါ။

(၆) ငွေကို အသေမထားပါနဲ့။

      ငွေမှာ အားလပ်ရက်တို့၊ပိတ်ရက်တို့ဆိုတာမရှိပါဘူး။သူကသူ့ကို ခိုင်းတဲ့လူကိုမှသဘောကျတာ။ ကျွန်တော်က လက်လီစတိုးဆိုင်တစ်ခုမှာ ည(၇)နာရီ အလုပ်လုပ်ရပေမယ့် ည (၁၁)နာရီထိအလုပ်လုပ်ပေးခဲ့တဲ့အတွက် အလုပ်ရှင်က ပို သဘောကျသလိုပေါ့။

(၇) ဆင်းရဲသားတွေလို အသိမဲ့ မဖြစ်စေနဲ့။

      ငွေဆင်းရဲခြင်းက အရာရာကို ဆင်းရဲစေတယ်ဆိုတာ မမေ့ပါနဲ့။ ဆင်းရဲစေတဲ့ အတွေးအခေါ်တွေကို လုံးဝဖယ်ရှားလိုက်ပါ။ ဘီလ်ဂိတ်က ပြောခဲ့ဖူးပါတယ်။ ဆင်းဆင်းရဲရဲ မွေးလာတာ သင့် အပြစ် မဟုတ်ပါဘူး။ဆင်းဆင်းရဲရဲသေသွားရတာက သင့် အပြစ်ပဲ တဲ့။ အသိမဲ့မဖြစ်ပါစေနဲ့။

(၈) လမ်းပြမီလီယံနာ တစ်ယောက်ရှာပါ။

အများစုက လူဆင်းရဲတွေနဲ့ လူလတ်တန်းစား ပတ်ဝန်ကျင်မှာနေကြရတာပါ။ ဒီတော့ အများစုရဲ့ အတွေးအခေါ်က လည်း ဒီဘောင်အတွင်းမှာပဲရှိကြပါတယ်။ သင်ကတော့ ဒီလူအုပ်ထဲကထွက်ပြီး သူကြွယ်ဖြစ်ပြီးသား ဆရာ တစ်ယောက်ဆီမှာ သင်ယူလိုက်ပါ။ သူကြွယ်တွေက သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေဖို့ အင်မတန်ရက်ရောကြသူတွေဖြစ်ကြပါတယ်။

(၉) ငွေကုတ်အားနဲ့ များများ”မ”ပါ။

ပထမ ငွေပိုရှိအောင်လုပ်ဖို့ပြောခဲ့ပါပြီ။ ပိုတဲ့ငွေနဲ့ သူ“မ”နိုင်သလောက်မပါစေ။ ကျွန်တော်စလုပ်တော့ ဒေါ်လာ ၅ဝဝဝဝနဲ့ပါ။ အခုထိ အဲ့ဒီလုပ်ငန်းက တစ်လ ၅၀၀၀၀ ရှာပေးနေတုန်းပါ။ နောက်ပိုင်း ဒေါ်လာ ၃၅၀၀၀ နဲ့ ထပ်တိုးပြီး ရင်းတာ အခုထိ ဝင်ငွေတွေဖန်တီးပေးနေတုန်းပါ။ကုတ်အားများလေ များများမနိုင်လေပါပဲ။

(၁၀) မိုင်ပို မှန်းလျှောက်ပါ..။

     မီလီယံနာဖြစ်ဖို့ တစ်သန်းပဲ မှန်းပြီးမလုပ်ပါနဲ့။အနည်းဆုံး ဆယ်ဆမှန်းပြီး ဆယ်သန်းဝင်အောင် လုပ်ပါ။ဒီကမ္ဘာပေါ်မှာ ငွေလိုတဲ့လူတွေပဲရှိကြပါတယ်။ ဒါပေမယ့် အတွေး ပိုကြီးလို့ မဆန့်ဘူးဆိုတာ မရှိပါဘူး။ ဒေါ်နယ်ထရန့်ပြောသလို “ကြီးကြီးတွေးပါ”။

ကိုးကားချက်။        ။ Grant Cardone ၏ How to Become a Millionaire by Age 30 ဆောင်းပါးကို ဆီလျော်အောင် ရေးသားထားခြင်း ဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: